Unit - 4

919 95 7
                                    


(JackPot)

Wayo တယောက် ရှာရင်း ဖွေရင်း Kongpob ၏ Diary စာအုပ်ကို ရှာတွေ့သွားသည်။ ထို စာအုပ်ကို အပြန်ပြန်အလှန်လှန် ဖတ်နေရင်းမှ စာအုပ်ပိုင်ရှင် မှာ Kongpob ဖြစ်ပြီး P'arthitဆိုသော သူအတွက် ခံစားချက်တွေကို ရေးထားခြင်းပါ။ P'arthit နဲ့ စာအုပ်ပိုင်ရှင် က Engineering မေဂျာ နှင့် တက္ကသိုလ် တခုတည်းမှာ တက်နေကြခြင်းဖြစ်သည်။ သူတို့ ပထမဆုံး တွေ့ကြတာတေ... ဖွင့်ပြောခြင်း...အငြင်းခံရခြင်း တွေ... ပထမဆုံး အနမ်းက တံတားပေါ်မှာ ဆိုတာတွေကို ရေးထားသည်။ Wayo စိတ်ထဲတွင် * တကယ် sweet တာပဲ.. ဒါနဲ့ P'arthit ဆိုတာ ဘသူများပါလိမ့် * ဟု တွေးနေမိသည်။

Wayo ဆက်ပြီး ဖတ်လိုက်သည်။ Arthit ဆိုသော သူရဲ့ နာမည်က Onn ဖြစ်သည်ကို တွေ့လိုက်ရသည်။ Ai'oon ဆိုတာက သူ့ရဲ့ အိမ်နာမည် ဖြစ်ပြီး သူ့ရဲ့ အိမ်မှ မိသားစုရယ် သူ့ကောင်လေးရယ် နဲ့ ရင်းနှီးတဲ့ သူတွေသာ ခေါ်သည့်နာမည် ဖြစ်သည်။ Wayo ကို P'pha က ချစ်စနိုးခေါ်သော N'yo တို့ ဂျပုလေး တို့လိုမျိုးဖစ်လိမ့်မည်။ စာအုပ် ပိုင်ရှင် က ပုံထဲက လူနှင့် တူတူပင်ဖြစ်လိမ့်မည်။

Kong ဆိုသော သူက သူ့ရဲ့ ဘဝ အစိတ်အပိုင်းတိုင်းကို P'arthit နှင့်အတူတူ မြတ်နိုးစွာ ဖြတ်သန်းမဲ့ ပုံမျိုးပါ။ Diary ထဲမှ Date တွေ အရဆို လျှင် သူတို့က 3rd year နဲ့ Final year တွေ ဖြစ်ပေလိမ့်မည်။ ပိုကြောက်စရာကောင်းသည်က သူတို့က headhazer အဟောင်းနှင့် အခုလက်ရှိ Headhazer တွေဖြစ်နေကြခြင်းဖြစ်သည်။ ညက Wayo တိုက်မိတုန်းက P'arthit ကို ကြောက်ဖို့ကောင်းသည်ဟု ထင်မိသည်မှာ လဲ မဆန်းတော့ပေ...သနားစရာကောင်းတဲ့ Fresher လေးတေပါလား။ အခု လက်ရှိ Head Hazer ကရော ကြောက်ဖို့ကောင်းလားဆိုတာကို သိချင်မိသည်။ ဘုရားရေ...မေ့နေသည်.... ကျွန်တော်က P'arthit ရဲ့ ခန္ဒာကိုယ် ထဲေ၇ာက်နေသည်လေ... ထို အဓိပါယ်က ကျွန်တော့ ကိုယ်ထဲတွင် P'arthit ရဲ့ ဝိညာဉ် က ရောက်နေမည်မဟုတ်ပါလား.... ကျွန်တော့ မှာ Dairy လဲ မရှိသလို ကျွန်တော့ အကြောင်းနဲ့ ပတ်သက်ပြီး P' တယောက်ဘာမှသိမည်မဟုတ်ပေ။ ကျွန်တော်ကိုယ် ဒါမှမဟုတ် သူ့ကို ကျွန်တော် ဖုန်းခေါ်သင့်လား ဆိုပြီး ဇဝေဇဝါဖြစ်နေရတော့သည်။

2 heart, 2 life ( Out Of Action)Where stories live. Discover now