Ming'pov
ထို့ကြောင့် ကျွန်တော် p'Forth ကို Yo အတွက် ခေါ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ကျွန်တော် ဖုန်းခေါ်နေပြီး စက္ကန့်အနဲငယ်အကြာမှာတော့ တဖက်က P'Forth ဆီမှ ဖုန်းဖြေသံကို ကြားလိုက်ရသည်။
[ဖုန်းပြောခြင်း]
[Forth – Sawadee krub...Ai'ming.....ငါ ဘာလုပ်ပေးရမလဲ...]
[Ming – Sawadee p'....ကျွန်တော်နဲနဲလောက်မေးစရာရှိလို့ပါ]
[Forth - မေးလေ..လွတ်လွတ်လပ်လပ်မေးပါ...]
[Ming – p'....Arthit ဆိုတဲ့ တယောက်ကို များသိလားမသိဘူး]
[Forth - အေး...သိတာပေါ့....သူ့ကို သိတယ်.... မင်းက သူ့ကို မသိတာ အံ့သြစရာပဲ...သူက ငါတို့ရဲ့ hazer အစီအစဉ်မှာ နာမည်ကြီး တယောက်ပဲလေ]
[Ming - ကျွန်တော့်ကို သူ့အကြောင်းနဲနဲလောက်ပြောပေးလို့ရမလား...]
ဟုပြောရင်း ကျွန်တော့် မျက်လုံးတွေကလဲ Yo ကို သာကြည့်နေမိသည်။
[Forth - အော်...ရတယ်လေ..ဒါနဲ့ သူနဲ့ ဘာပြသနာရှိလို့လဲ]
[Ming - အာ...မဟုတ်ပါဘူး.. ဒီတိုင်းပါပဲ...] လို့အထစ်ထစ်အငေါ့ငေါ့ ပြန်ဖြေနေရသည်။ ကျွန်တော့် အတွက် တယောက်ယောက်ကို လိုအပ်နေလေပြီ။
[Forth – ဘာလို့လဲ ဆိုတာ မပြောရင် ငါလဲ... သူ့အကြောင်းမပြောနိုင်ဘူး...]
ကျွန်တော်လဲ WAYO အနားကနေ နဲနဲလှမ်းလှမ်းကို လျှောက်သွားလိုက်ပြီး
[Ming - ကျွန်တော့ကို အရင်ပြောပြပါ.. ပြီးရင် Yo ရဲ့ အခန်းကို လာခဲ့ပေးပါ]
[Forth - ဘာလို့ Yo အခန်းကိုလဲ....တခုခုဖြစ်နေကြတာလား]
[Ming - မဟုတ်ပါဘူး...p'...လာခဲ့ပေးပါဗျာ... ကျွန်တော့် ကို P' ကို တကယ်လိုအပ်လို့ပါ..]
[Forth – ok..ok..]
[Ming - အဲ့ဒါဆို ကျွန်တော်မေးထားတာလေး ပြောပါအုံး...]
[ Forth - အေး... တချို့ကတော့ေ မ့နေပြီ... သူက အင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား...သူက Head Hazer ကို ၂ နှစ်တာဝန်ယူရတယ်... သူ့ရဲ့ကောင်လေး Kongpob က လွှဲမယူခင်ပေါ့....ကျောင်းသားသစ်တွေက သူ့ကို ကြောက်ရတယ်... ဘာလို့လဲ ဆိုတော့ သူက အေးစက်စက်နဲ့ ကြောက်ဖို့ကောင်းတဲ့သူပဲ.. ကြမ်းလဲကြမ်းတယ်]
ကျွန်တော် တဖြေးဖြေးတော့ သိလာနေပြီ ဒါပေမဲ့ သက်သေပြနိုင်တဲ့အထိတော့ မဟုတ်သေးဘူး...ကျွန်တော် တွေးနေတုန်း P' Forth က ဆက်ပြောလာသည်။
[Forth - သူ့မှာ နဲနဲပေါတောတောနိုင်ပြီး ကြောက်ဖို့ကောင်းတဲ့ သူငယ်ချင်း ၄ ယောက်လား... ၅ယောက်လား မသိဘူး.. ရှိတယ်... ပြီးတော့ သူ့မှာ Kongpob လို့ ခေါ်တဲ့ သူ့ရည်းစားကောင်လေးလဲ ရှိတယ်.... ငါတို့လိုပဲ...အော် မေ့တော့မလို့ သူ့ကောင်လေး kongpob က moon တယောက်ပဲ... တခုမတူတာက သူတို့ Uni က Moon ကို Mr. နဲ့ MRS. လို့ သုံးပြီး p'တို့က Moon နဲ့ star လို့ ခေါ်တာပဲ...]
[Ming – တကယ်ကြီးလား...P']
[Forth - အေး...ဟုတ်တယ်]
[Ming - သူတို့ နာမည်တွေကို LINE ကနေ ပို့ပေးလို့ရမလား]
[Forth – P' ထင်တာကတော့ မျက်နှာချင်းဆိုင်ပြောတာက ပိုကောင်းတယ်လို့ ထင်ရပေမဲ့ အခုတော့ p' LINE ကနေ ပို့ပေးလိုက်ပါ့မယ်.....]
P'forth က တကယ့်ကို စီနီယာကောင်းတယောက်ပါ... P'beam့ တကယ့်ကို ကံကောင်းတဲ့ သူတယောက်ပဲ။။။ ကျွန်တော့ ရဲ့ P'kitkat မှာ ကျွန်တော်ရှိနေသလိုပေါ့။
[Ming – p'...သူ့အကြောင်းကို ဘလို သိလဲ...သူ့ကိုတွေ့ရောတွေ့ဖူးလား]
[Forth – OOH..... သူ့ကို အကြိမ်တော်တော်များများ တွေ့ဖူးတယ်လေ...Uni ထဲမှာ ၂ ခါလောက်မြင်ဖူးပြီး ဘီယာဆိုင်မှာက ၄ ၅ခါလောက်မြင်ဖူးတယ်... ငါတို့တွေ သင်ခန်းစာနဲ့ အလုပ်တွေ အကြောင်းကို တူတူဆွေးနွေးဖူးတယ်... သူ့ဆီက အချက်တချို့ကို တောင်းဖူးတယ် Hazing နဲ့ ပတ်သက်ပြီးတော့ပေါ့...သူတို့ဆီက SOTUS System က ငါတို့ထက် ၂ ဆလောက်ကြမ်းတယ်... ငါတော့ သူတို့ဆီက Fresher လေးတွေကို သနားတယ်...]
[Ming - ကျေးဇူး တင်ပါတယ်...P'... ကျွန်တော့်ဆီလာမှာကို စောင့်နေတယ်နော်...P']
ဟု ပြောပြီး ဖုန်းချပြီး ခနကြာတော့ Line ကနေ စာဝင်လာ၍ ကြည့်လိုက်တော့ P'forth ဆီက ဖြစ်နေ၍ ကပျာကယာပဲ ဖွင့်ကြည့်လိုက်ရသည်။
{Line}
{P'arthit'friends- Prem,Toota,Bright and Knot. သူ့ကောင်လေးကတော့ Kongpob တဲ့.... အဲ့ကောင်လေးသူငယ်ချင်းတွေက Tew နဲ့ wad ဆိုလားပဲ ငါလဲ အဲ့ဒါပဲ သိတယ်...Sorry ငါ အများကြီး မပြောပြနိုင်လို့....}
YOU ARE READING
2 heart, 2 life ( Out Of Action)
Fanfictionoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody