Wayo'pov
**********
ကျွန်တော် ဒီမနက်နိုးလာတော့ ခေါင်းတေကိုက်နေလေသည်။မျက်လုံးတေကပိတ်ထားပေမဲ့ နှာခေါင်းထဲတွင် မရင်းနှီးတဲ့ အနံ့တမျိုးရနေသည်။ ထိုအနံ့က ကျွန်တော့်အခန်းရဲ့အနံ့မဟုတ်တာကတော့သေချာနေသည်။ ထို့ကြောင့် ကျွန်တော် မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ပထမဆုံးမြင်လိုက်ရသည်က pink milk နဲ့ ညအိပ်မီးပေါ်မှာကပ်ထားတဲ့ စာရွက်တေရွက်။ ကျွန်တော်ဘယ်ရောက်နေတာပါလိမ့်?ဒါ ကျွန်တော့်အခန်းလဲ မဟုတ်သလို...p'pha ရဲ့အခန်းလဲ မဟုတ်ပါ။ အခန်းအရောင်က ညိုမှိုင်းမှိုင်းဖြစ်နေပြီး ကျွန်တော်ရဲ့အခန်းထက်အနဲငယ်သေးပါသည်။ အခန်းထဲတွင် စာအုပ်တေ..ပိုစတာတေကပ်ထားသည်ကို တွေ့နေရသည်။ကျွန်တော့် မျက်လုံးတေက အနီရောင်အင်္ကျီပေါ်ရှိ အင်ဂျင်နီယာတံဆိပ်ကို သွားတွေ့လိုက်မိသည်။မဖြစ်နိုင်ပါဘူး...ဒါက Ming ရဲ့အခန်းလဲ မဟုတ်ပါ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကျောင်းရဲ့ အင်ဂျင်နီယာ ယူနီဖောင်းက အပြာရင့်ရောင်ပါ။ဒါက ဘသူ့အခန်းလဲ??အတွေးတေနှင့် ခုတင်ပေါ်ကထပြီး အခန်းတခုလုံးကိုကြည့်နေရင်း မှန်ရှေ့သို့ရောက်သွားသည်။ မှန်ထဲက ဘသူပါလိမ့် ကျွန်တော့်ရဲ့ လှုပ်ရှားမှုတေကို မြင်နေရပေမဲ့ မှန်ထဲကလူက ကျွန်တော်မဟုတ်ပါ။ ကြောက်လန့်စိတ်တေက မွှန်ထူလာခဲ့သည်။ ကျွန်တော်က တခြားလူရဲ့ကိုယ်ထဲမှာ ရောက်နေတာလား...ကျွန်တော်သေ သွားတာလား...ဒါမှမဟုတ် အိမ်မက်များလား...ဟု တွေးကာပါးကို ဆွဲလိမ်ကြည့်တော့ နာသွားသဖြင့် အော်လိုက်မိသည်။တကယ်နာကျင်သွားသဖြင်ြ အိမ်မက်တော့မဖြစ်နိုင်ပါ။ တယောက်ယောက်က စနေခြင်းများလား ဟု တွေးကာ camera ကို ပတ်၍ ရှာနေမိသည်။ ကျွန်တော်တကယ်ပဲသူများကိုယ်ထဲရောက်နေတာလား...ဘလိုရောက်လာတာလဲ...မဖြစ်နိုင်ဘူး...
ကျွန်တော် စိတ်တေကို စုစည်းလိုက်ပြီး ခုတင်စွန်းတွင်ထိုင်ကာ pink milk ကို သောက်နေရင်း တွေးနေမိသည်။ ကျွန်တော်က သူများရဲ့ကိုယ်လုံးထဲဝင်နေတာတောင်မှ ညကတိုက်မိတဲ့လူရဲ့ကိုယ်ထဲကို ရောက်နေရသည်။ ဘာလို့ ဒီလူလဲ...ကျွန်တော်လဲ....မီးအိမ်ပေါ်က စာရွက်ေးလးကိုယူပြီး ဖတ်ကြည့်လိုက်သည်။ "Ai'oon...ကျွန်တော်အဆင်ပြေပါတယ်...gear အတွက် စိတ်မပူပါနဲ့...ဖြစ်တာကဖြစ်ပြီးပြီပဲ...အခုချိန်မှာ p'ရဲ့စိတ်ကပဲ အရေးကြီးတာပါ" ဟု ရေးထားသော ထိုစာလေးကို တခါပြီးတခါပြန်ဖတ်နေမိသည်။ ဒီစာအရဆိုရင် အခု ကျွန်တော့်ရဲ့နာမည်က oon ဖြစ်လိမ့်မည်။ထို့နောက် ကိုယ့်ဘာသာကိုယ် "yo လုပ်နိုင်ပါတယ်....မင်းက wayoပဲဟာကို" ဟု အားပေးလိုက်ပြီး အခန်းထဲတွင်အသုံးဝင်မဲ့ပစ္စည်းတွေ့လိုတွေ့ငြားရှာနေမိသည်။
ကျွန်တော့်မျက်လုံးတေက oonဆိုတဲ့လူရဲ့ဓာတ်ပုံပေါ်တွင်ရပ်သွားမိသည်။ ထိုပုံထဲတွင် oon က ယူနီဖောင်းအနီရောင်ကို ဝတ်ထားပြီး သူ့ဘေးက လူကလဲ ထိုအင်္ကျီမျိုးနှင့်ပင် ရပ်နေသည်ကို တွေ့ရသည်။ ထိုသူကရော ဘသူဖြစ်မလဲ? Oon ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်မယ် ဟု တွေးကာ ကျွန်တော့မျက်လုံးတေက တခြားအရာများကို တွေ့လိုတွေ့ငြား ရှာနေမိသည်။ စာရေးစာပွဲပေါ်ရှိ လက်တော့နားတွင် lock ချထားသော ဖုန်းကို တွေ့လိုက်ရ၍ အချက်အလက်ရလိုရငြား ဖွင့်ကြည့်ဖို့ကြိုးစားရသည်။ထိုဖုန်းကို ဖွင့်နိုင်ဖို့က pw၄ လုံးကို သိမှရလိမ့်မည်။ စားပွဲခုံတဝိုက်တွင် ရှာနေရင်း ကျွန်တော့်လက်က စားပွဲတင် ပြက္ခဒိန် ဆီရောက်သွားသည်။ ထို ပြက္ခဒိန် ထဲတွင် အရေးကြီးတဲ့ dateတေကို မှတ်ထပေလိမ့်မည်။ထို့ကြောင့် ပြက္ခဒိန် ကို လနှ်လှောကြည့်မိတော့ dateတေပေါ်တွင် စာလုံးသေးသေးလေးများနှင့်ရေးထားသည်များကို ဖတ်နေမိသည်။ p'knott'bday,p'toota bday,Ai'aim bday,1st date anni,1kiss,အစရှိတာတေအများကြီးတွေ့ရသည်။ ထိုအရာများကြားထဲမှ ထူးထူးခြားခြား စာအရှည်ကြီးရေးထားသော dateကို တွေ့လိုက်ရသည်။ p'bright bday -bday present အတွက် သူကြိုက်တဲ့ နို့ချောကလက်ဝယ်ပေးရန် ဟု ရေးထားသည်။ ထိုနာမည်သည်ပုံထဲမှ လူ၏နာမည်ဖြစ်ပေလိမ့်မည်။ ထို dateကို သုံးပြီး ဖွင့်ကည့်သော်လည်း ဖုန်းကပွင့်မသွား။တခါ ပြက္ခဒိန် ကိုကိုင်၍ ရှာတော့ နောက် date တခုကို တွေ့လိုက်ရသည်။ My ai'oon bdayဟူ၍ တွေ့လိုက်ရသောကြောင့် ဒီ ပြက္ခဒိန် က oon ဟာ မဟုတ်ဘဲနဲ့ တခြားတယောက်ရဲ့ဟာ ဖြစ်ပါလိမ့်မည်။ ကျွန်တော် ထို dateနြဲ ဖွင့်သော်လည်း ဖုန်းကပွင့်မလာ။ ကျွန်တော် ကိုယ့်ခေါင်းကို ထုလိုက်မိသည်။ဘလိုလူမျိုးက ကိုယ့်မွေးနေ့ကိုpw ထားမှာလဲဟု တွေးမိသောကြောင့်သာ။ ထို့နောက် ကျွန်တော်ခေါင်းထဲတခုခုကို သွားသတိရလိုက်မိသည်။ ညက ကောက်ရသော gear လေးမှ နံပါတ် 0062 ဆိုသည်ကို သတိရလိုက်မိ၍ pw ရိုက်ထည့်လိုက်ရာ ဖုန်းက ပွင့်သွားလေတော့သည်။ gear က တကယ့်ကို အရေးကြီးတဲ့အရာပါလား...။ laptop ထဲတွင်လည်း စာတေကလွဲပြီး ထူးထူးခြားခြား မတွေ့ရ။ဖုန်းထဲမှာလဲ ထိုကဲ့သို့င်။တခုထူးခြားသည်ကတော့ ပုံတေထဲမှာ သူငယ်ချင်း တေမိသားစုတေနဲ့ရိုက်ထားတဲ့ပုံတေထက် ဟို ပုံထဲရှိ လူနဲ့ရိုက်ထားသောပုံတေကပိုများနေတော့သည်။ oon ရဲ့ line ထဲကို ဝင်နေရသည်ကို တကယ်ပဲစိတ်မကောင်းပါ။ ဒါပေမဲ့ ai'oon ရဲ့ ရင်းနှီးတဲ့လူတေကိုသိမှ ဖြစ်နေတဲ့ပြသနာနဲ့ပတ်သက်ပြီး အကူအညီရနိုင်မည်မဟုတ်ပါလား။ ကျွန်တော် ဆို အမြဲတမ်း ကျွန်တော့်အကြောင်းတေကိုAi'mingကို ပြောပြနေကြလေ။**********************
Yo လေး ai'oon လေး ကိုယ်ထဲရောက်သွားပါပြီနော်...
Yo လေး ဘာကိုထပ်ရှာတွေ့မလဲ ai'oon ကရော ဘယ်ရောက်သွားလဲဆိုတာတော့
ဝီး ဟီး...၃၀ပြည့်အောင် ကြယ်လေးတေပေးနော်...ပြောပြမယ်...😁😁😁
YOU ARE READING
2 heart, 2 life ( Out Of Action)
Hayran Kurguoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody