Arthit'pov
"ခနနေအုံး" ဟု ကျွန်တော့်ရှေ့က ထွက်သွားဖို့လုပ်နေသော ကောင်လေးကို ကျွန်တော့် ပါးစပ်က တားလိုက်မိသည်။ ထို စကားတခွန်းနှင့်အတူ ကျွန်တော့် ဗိုက်ထဲက အသံ တခုကိုပါ ကြားလိုက်ရသည်။ သူရော ကျွန်တော်ရော နှစ်ယောက်လုံးရဲ့ အကြည့် တွေက ကျွန်တော့်ဗိုက်ဆီသို့ ရောက်ကုန်ကြသည်။ ထို့ကြောင့် ကျွန်တော် လဲ ယောင်ယမ်းပြီး ဗိုက်ကိုကိုင်လိုက်မိကာ " ငါ့ကို ခနလောက်စောင့်ပေးမလား...ငါ တခုခု စားဖို့ လိုနေပြီ မနက်ထဲက ငါ့အင်အားတွေ အများကြီး ကုန်ထားတယ်" ဟု ပြောလိုက်ပြီးတော့ ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ မနက်စာကို မြန်မြန်ဆန်ဆန် ပဲ ပါးစပ်ထဲ ထိုးထည့်နေမိတော့သည်။ ထိတ်လန့်စရာတွေ ဝေခွဲရခက်တာတွေ တုံးအတာတွေ အဲ့လိုဟာမျိုးတွေနဲ့ ပြည့်နေတဲ့ ကျွန်တော် ဝင်နေရတဲ့ Wayo က ကျွန်တော့်ကို အားအင်တွေ ယုတ်လျော့စေပါသည်။
Ming က " နေပါအုံး... မနေ့က ညက မင်းနဲ့သူ ရန်ဖြစ်ထားတယ်လို့ ဒီမနက်လဲ စိတ်ဆိုးနေအုံးမှာပဲလို့ ငါ့ဆီ ကို Line ကနေစာပို့ထားတယ်မလား..." ဟုမေးလာတော့ ကျွန်တော်လဲ အရှေ့က အစားအစာတွေကို သာ အာရုံစိုက်ထားရင်း "အဲ့ဒီတော့" ဟူ၍သာ ပြန်ဖြေလိုက်မိသည်။ထို အခါ Ming က အဓိပါယ်တွေ အပြည့်ပါနေသော အပြုံးနှင့်ကြည့်ကာ "အော်...အော်....အဲ့တော့ မင်းတို့က ရန်ဖြစ်တာကနေတည့်သွားပြီး ဟိုဟာ ဒီဟာ လုပ်နေရလို့ ပင်ပန်းနေတာပေါ့....အဲ့လိုမလား....ဟမ်..ဟမ်..." ဟု စလာတော့သည်။ ထိုစကားကိုကြားပြီး ကျွန်တော် စားနေရင်း တန်းလန်း သီးသွားကာ ပါးစပ်ထဲက အစားအစာတွေက အပြင်သို့ပြန်ထွက်လာလေတော့သည်။
ကျွန်တော်လဲ ကပျာကယာရှေ့မှာ ရှိနေသော Pink milk ကို ယူကာ စုပ်လိုက်ရင်း ပါးစပ်ထဲက ကျန်နေသေးတဲ့ အစားအစာတွေကို မျှောချနေရသည်။ ကျွန်တော် တယောက်ထဲ အလုပ်ရှုပ်နေရင်း ရှေ့ကို သတိမထားမိပဲ နေရာမှ "ကျေးဇူးနော်... မင်းရဲ့ အစားအစာလေးတွေကို ငါ့မျက်နှာကိုပါ ဝေကျွေးတဲ့ အတွက်လေ" ဟူသော Ming ရဲ့ အသံကို ကြားလိုက်ခါမှပဲ Ming ကို မော့ကြည့်ဖြစ်တော့သည်။ ထိုအခါမှ ပြောင်ချော်ချော် မျက်နှာပးနှင့် သွားတွေကို စိကာ ပြုံးနေသော ထိုကောင်လေး၏ မျက်နှာတွင် ကျွန်တော့ ပါးစပ်ထဲက ထွက်ကျသွားသော အစားအစာတွေ အကုန်လုံးရောက်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်တော် ရီချင်မိပေမဲ့ ရီချင်စိတ်ကို မျိုသိပ်ပြီး " အာ....Sorry Nong " ဟု N'ဟူသော စကားကို လဲ ခုထိ သုံးနေသလို "Kongpob နဲ့ ငါ စိတ်ဆိုးနေကြတာလေ.. သူက ငါ့ကို ဘာလုပ်မှာလဲ " ဟု သတိလက်လွတ်ပြောနေမိသည်။
YOU ARE READING
2 heart, 2 life ( Out Of Action)
Fanfictionoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody