Unit-13

740 92 5
                                    

Knot'pov

တကယ်ပဲ..တကယ်ပဲ.. Arthit က အကုန်ပြောပြခဲ့သည်။ အကုန်လုံးကို.....

မဟုတ်သေးဘူး... Wayo က ပြောပြတာလို့ ပြောရင် ပိုမှန်မယ်လို့ထင်သည်။ကျွန်တော်တို့ အဖြေတခု တိတိကျကျထွက်လာရန် တူတူဆွေးနွေးနေကြရတော့သည်။ Wayo ဆိုသောသူကို လှမ်းကြည့်တော့လည်း ပြတင်းပေါက် အပြင်ဘက်ကို ငေးနေသည်ကို တွေ့လိုက်ရသည်။

ထိုကောင်လေး က arthit လိုမျိုးဖြစ်နေပေမဲ့ တကယ်တမ်းကျတော့ ကွာခြားနေပါသည်။ ထိုကောင်လေးပုံစံက နှလုံးသားက နူးညံ့ပြီး အားငယ်တတ်သည်ပုံပေါ်နေ၍ ကွဲပြားနေသည်ဟု ထင်မိခြင်းဖြစ်သည်။ သူစကားပြောတုန်းကလဲ ပြောနေရင်းနှင့် ပြုံးနေသည်က ချစ်ဖို့ကောင်းနေသည်လေ။ သူက Arthit ကိုယ်ထဲရောက်နေပေမဲ့ လဲ ကျွန်တော်တို့ သူငယ်ချင်းဖြစ်လာသည့် သက်တမ်းတလျှောက် သူ့ကို ချစ်ဖို့ကောင်းသည်ဟု ဘယ်တုန်းကမှ ထင်ခဲ့ဖူးခြင်း မရှိပါ။

"ကြည့်...ကြည့်...သူက မိန်းကလေးလိုပဲ ချစ်ဖို့ကောင်းတယ်...သူကားမူးနေတယ်...Arthit က ဘယ်တုန်းကမှ ကားမမူးဖူးဘူးလေ..... ပြီးတော့ ငါ့ကိုဆိုလဲ ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန်မပြောဖူးဘူး.... ငါပျော်တယ်... ဒီကောင်လေးကိုပဲ ခေါ်ထားကြရအောင်လေ....နော်...Ai'knot...နော်..." ဟု နောက်ခန်းတွင် ထိုကောင်လေးနှင့်တူတူထိုင်နေသော Bright ဆီမှ အသံထွက်လာ၍ ကျွန်တော်လဲ အလိုက်မသိသော Bright ကို "Ai'bright.. မလုပ်နဲ့လေ...." ဟု ပြောနေတုန်း "စိတ်ပူမနေနဲ့ Bright... ငါတို့ သူ့ကို ခေါ်ထားလို့ရသေးတာပဲလေ...သူက ခု ထိ Arthit လို ဟန်ဆောင်နေရတုန်းပဲလေ....." ဟူသော prem ဆီမှ စကားကို ကြားလိုက်ရ၍ ကျွန်တော့် သူငယ်ချင်းတွေအကုန် ထိုကောင်လေးကို သဘောကျနေကြမှန်းသိလိုက်ရသည်။ "Prem....မစိုးရိမ်ပါနဲ့... Arthit ပြန်လာရင် မင်းကို ခွင့်လွှတ်မှာပါ.... " ဟု စလိုက်သော်လည်း Prem ကတော့ wayo ပခုံးပေါ်တွင်မှီထားရာက သူ့ကို အဖက်တောင်မလုပ်တော့ပေ။

Flashback for last 20 minutes

Wayo'pov

"ရပ်လိုက်တော့ Prem..... ငါတို့ အေးအေးချမ်းချမ်းပဲ ပြောကြရအောင်...မင်းရဲ့ လက်သီးကို မသုံးစမ်းပါနဲ့" ဟု P'prem ကကျွန်တော့်ကို ထိုးမလို့ပြင်နေခြင်းကို P'knot က ဝင်တားလိုက်ခြင်းဖြစ်သည်။ ဒါပေမဲ့ တားတဲ့အချိန်က နဲနဲတော့ နောက်ကျ သွားခဲ့ပြီး ကျွန်တော့်မျက်နှာကို လက်သီးတချက်ထိသွားခဲ့ပြီးပါပြီ။ ထိသွားတဲ့ မျက်နှာကတော့ သနားစရာ P'arthit မျက်နှာလေးဆိုပေမဲ့ တကယ်နာ သွားတာကတော့ ကျွန်တော်လေ။

2 heart, 2 life ( Out Of Action)Where stories live. Discover now