Unit-23

1.5K 112 10
                                    

Kong'pov

နောက်ဆုံးတော့ ကျွန်တော်တို့ နှစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။
"Cafe. ဆိုင်မှာ တုန်းက ငိုခဲ့တာလား"
" မဟုတ်....မဟုတ်ပါဘူး..." ဟု ပြန်ဖြေလာပြီး ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်သည်။
"P'arthit.....နှုတ်ခမ်းက နာနေသေးလား."
သူ့နှုတ်ခမ်းက အနာကို ဆိုင်ထဲတွင် မြင်စက ကျွန်တော် လန့်သွားပြီး p'prem ကို မေးမိတော့ သူထိုးလိုက်မိတာမို့လို့...ကျွန်တော့်ကို တောင်းပန်ပါတယ်တဲ့....ကျွနိတော့်စိတ်ထဲ မတင်မကျဖြစ်နေ၍ p'knot ကို ထပ်မေးတော့ နားလည်မှုလွဲသွားပြီး ဖြစ်သွားရသည့် ကိစ္စသေးသေးလေးမို့လို့ စိတ်ပူစရာမရှိကြောင်း ခုလဲ သူတို့ အဆင်ပြေနေပြီ ဖြစ်ကြောင်း ပြောလာ၍ အနဲငယ် စိတ်အေးသွားရသည်။
"ဟေး...ငါခုထိ စားနိုင်သောက်နိုင်နေသေးတယ်လေ" ဟု ပြုံးပြပြီး ပြောလာလေသည်။
ထိုအပြုံးကြောင့် ကျွန်တော့စိတ်တွေ အများကြီး သက်သာရာရခဲ့သည်။ သူ့ရဲ့အခုပြောလိုက်တဲ့ အသံက ကျွန်တော့်ရဲ့ ချိုသာတဲ့ Oon လေး ပြန်ရောက်လာသလိုပဲ ခံစားလိုက်ရသည်။
အခန်းထဲ ပြန်ရောက်တော့ သူ့ရဲ့အိတ်ထဲကို လိုအပ်သည့် ပစ္စည်းများကို ထည့်နေလေတော့သည်။ ထည့်နေရင်း တခုခုကို တွေးနေသလို ရပ်နေလေတော့သည်။ ထို့နောက် သူ ယူလာသော p'prem ရဲ့ ဖုန်းကို ကြည့်နေလေတော့သည်။
သူဘာလို့ p'prem ရဲ့ ဖုန်းကို ယူလာလဲ မသိပါဘူး...ထို့အပြင် သူ့ရဲ့ ပစ္စည်းတော်တော်များများကို ဘယ်နေရာမှာရှိလဲဟူပြီးလဲ မေးတတ်သေးသည်။ ဘာလို့မေးတာလဲလို့ မေးမိတော့လဲ သူဘယ်နားထားမိလဲ မသိတော့လို့ပါတဲ့..
ဒါပေမဲ့ ပစ္စည်း တခုကို မေးလာသည်ကို တော့ ကျွန်တော် သဘောကျမိသည်။ ထိုအရာက ကျွန်တော်ရဲ့ ဒိုင်ယာရီပါ....p'arthit က ကျွန်တော်ရေးထားသော ဒိုင်ယာရီစာအုပ်ကို ဖတ်ရသည်ကို သဘောကျသောသူပဲလေ။ သူက ယူသွားချင်တယ်ဟု ဆိုလာသဖြင့် ပေးယူသွားလိုက်သည်။
တဖက်က ကြည်နူးနေမိသည်သော်လည်း တဖက်ကတော့ အရမ်းကို နူးညံ့နေသော p'arthit ကြောင့် ထူးဆန်းနေမိရသည်။
"P'arthit...ကျွန်တော် အဲ့ N' နဲ့ ထပ်တွေ့လို့ရမလား" ဟု မေးရင်း သူ့အင်္ကျီတွေကို ခေါက်ပြီး အိတ်ထဲသို့ ထည့်ပေးနေလိုက်သည်။ ကျွန်တော် သူ့အင်္ကျီတွေကို စိတ်ဆိုးခြင်းမရှိပဲ အကြည်တသာ ခေါက်ခွင့်ရနေသည်မှာ တကယ်ပဲ ကြုံရခဲလှသည်။
"ဘယ် N' လဲ" ဟု ဖုန်းကို အကြည့်မပြတ်ပဲ ပြန်မေးလာသဖြင့် "Nong wayo" ဟု ဖြေမိတော့ အေးစက်နေသော မျက်လုံးတို့ထဲတွင် ဘာလို့လဲ ဟူသော မေးခွန်းတို့နှင့် ကျွန်တော့ဆီကို ကြည့်လာလေသည်။ ကျွန်တော် သူ့ကို နဲနဲတော့ စသင့်တယ် မလား.....
"သူက ဒါလေးပြန်ရအောင် ကူညီခဲ့တယ်လေ " ဟု သူ့လည်ပင်းက ဂီယာလေးကို တို့လိုက်ပြီး ပြန်ပြောလိုက်ရင်း သူ့မျက်နှာနားသို့ ကျွန်တော့်မျက်နှာကို တိုးကပ်လိုက်သည်။ ထိုအခါ ကျွန်တော့်ကို ကြည့်နေသော အကြည့်တို့က တနေရာသို့ ရောက်သွားလေတော့သည်။
"မကြောက်ပါနဲ့..." ဟု ကျွန်တော်သူ့ရဲ့နီရဲနေသောနားရွက်လေး နားသို့ကပ်၍ လေသံလေးဖြင့်ပြောလိုက်ပြီး ခနရပ်လိုက်ပြီးမှ
"P' မှတ်မိတယ်မလား...ကျွန်တော်နဲ့ ပြသနာ တက်တဲ့ ညက ကားထဲမှာ p' ကို တပတ်တိတိ မထိပဲ အပြစ်ပေးမယ်လို့ ပြောထားတယ်လေ...ကျွန်တော်က ကျွန်တော့်စကားကို တည်ပါတယ်" ဟု ဆက်ပြောလိုက်သည်။
ထိုအခါ သူက အပြုံး နှင့်မတူ " မစစမ်းနဲ့..."
ဟု ပြောလာသဖြင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ရင်း..
"မစဘူး...P'...တကယ်ပြောနေတာပါ " ဟု ပြန်ပြောကာ မျက်လုံးချင်း စုံအောင်လိုက်ကြည့်ရင်း
"P'knot က ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို အကုန်ပြောထားပြီးပါပြီ" ဟု ပြောလိုက်သည်။
ကျွန်တော်ကိုင်ထားသော သူ့လက်လေးတွေ ချက်ချင်းကြီး အေးစက်လာသည်ကို ခံစားလိုက်ရသည်။ဘာလို့ ထိုကဲ့သို့ အေးစက်သွားရသည်လဲတွေးမရပေ။
ပထမဆုံး ချိန်းတွေ့ခဲ့စဉ်တုန်းက အရှက်လွန်ပြီး စိတ်လှုပ်ရှားကာ ထိုကဲ့သို့ လက်လေးတွေ အေးနေခဲ့ဖူးသည်။ အခုကျတော့ ထိုခံစားချက်နှင့်မတူပဲ...သူ တခုခုကို လန့်၍အေးလာသည်ဟု ခံစားနေမိရသည်။ P'arthit တကယ်ပဲ ထူးဆန်းနေလေသည်။
"P'knot ကဘာပြောခဲ့လို့လဲ...အာ...ငါပြောတာက ai'knot လို့ပြောတာ "
ဟု စကားကို အမှားမှား အယွင်းယွင်းနှင့်ပြောလာသော p'arthit ၏ မျက်နှာက ပေါက်ကွဲတော့မဲ့ ဗုံးတလုံးကို နီရဲနေသည်ကို တွေ့ရသည်။
"သူကပြောတယ်...p' intern ဆင်းတဲ့အချိန်ကျ ကျွန်တော့နားမှာ မနေနိုင်တော့လို့ ခုထဲက ခွဲနေနိုင်အောင် ကြိုးစားနေရတာဆို....ကျွန်တောလာလာတွေ့မှာပေါ့ p' ရယ်...အဲ့လောက်ထိကြိုးစားစရာမလိုပါဘူး...တွေ့ချင်တဲ့ချိန်လှမ်းခေါ်လိုက်...ကျွန်တော်ရောက်အောင်လာခဲ့မယ်နော်"
ဟု ပြောတော့ ကျွန်တော့ရှေ့က ခရမ်းချဉ်သီးလေးက ခေါင်းငြိမ့်ပြလာ၍ ကျွန်တော်ပြုံးမိရတော့သည်။ ကျွန်တော့်ရဲ့ oon က တခါတလေကျ ကလေးလေး တယောက်လို ပြုမူတတ်သေးသည်လေ။

2 heart, 2 life ( Out Of Action)Where stories live. Discover now