Kong'pov
" နောက်တခါ သက်ပြင်းထပ်ချရင် ငါ မင်းရဲ့ တင်ပါးကို ပိတ်ကန်လိုက်တော့မယ် Ai'kong" ဟု Aim ကစာရေးနေရင်း ထပြောလာလေသည်။
" မင်း သိပ်လဲ စိတ်ပူမနေပါနဲ့ Kong...P'knot ပြောတာတော့ P'arthit က ပုံမှန်ပါပဲတဲ့" ဟု Tew ကပါ ဖုန်းကို လှည့်ပတ်ဆော့နေရင်း Aim ရဲ့ စာရေးနေခြင်းကို ကူညီနေရာက ဝင်ပြောလာပြန်သည်။
" P'prem ကလဲ ငါ့ကို ပြောပါတယ်.. P'arthit ဖုန်းပိတ်ထားရတယ်ဆိုတာက P'Bright ကြောင့် ဖုန်းကွဲသွားလို့တဲ့... မင်းကို ရှောင်နေတာမျိုး မဟုတ်ပါဘူး" ဟု Wad က ပြောရင်း ရေတခွက်ကို ယူကာ ကျွန်တော့် ဆီသို့ လှမ်းပေးပြီး " မင်း ဒီဟာလိုနေပြီ" ဟု နောက်နေလေတော့သည်။
" သူတို့ မင်းကို ပြောတဲ့အချိန်မှာ သူတို့ ဘယ်သွားနေကြတာလဲ" p'prem နှင့် message ပို့နေသော Wad ကို မေးလိုက်သည်။
Wad က ဖုန်းကို ခုံပေါ်သို့ ချလိုက်ပြီး " သူတို့တွေ တခြား uni နားက ကော်ဖီဆိုင်မှာ တဲ့" ဟု ပြန်ဖြေလာသည်။ တခြား uni နားကို သွားရသည့် အကြောင်းကို ကျွန်တော် စိတ်ဝင်စာစးသွားမိသည်။ တခြား Uni နှင့် အဆက်အစပ်မရှိသူများက ထိုနား သွားသည်ဆို၍ပါ။
"သူတို့ ရောက်နေပြီလား...ဒါမှမဟုတ် သွားနေတုန်းလား" ဟု ထပ်မေးလိုက်တော့ Wad က " သူတို့တွေ ရောက်နေကြပြီ... အဲ့မှာ နဲနဲ ကြာမယ်ပြောတယ်....သူတို့သူငယ်ချင်းနဲ့ ပတ်သက်တဲ့ အကြောင်းကို ဆွေးနွေးစရာရှိလို့လို့ပြောတယ်" ဟု ပြန်ဖြေလာသည်။
ထိုသူငယ်ချင်း ဘသူဆိုတာကို ကျွန်တော်တွေးနေတုန်းမှာပဲ " ဘယ်ကသူငယ်ချင်းလဲ" ဟူသော အသံနှင့် အတူ Tew က ထမေးလိုက်သံကို ကြားလိုက်ရသည်။ ကျွန်တော် လဲ သိချင်နေသူပီပီ Wad ဆီက အသံကို နားစွင့်နေလိုက်မိသည်။ သို့သော် Wad ဆီမှ ခေါင်းခါပြသည်ကို သာ ရလိုက်ကြသည်။
ကျွန်တော်လဲ အိတ်ကို လွယ်ကာ ထရပ်လိုက်ပြီး " ငါ အရင် သွားနှင့်တော့မယ် ဟေ့ကောင်တွေ" ဟု ပြောပြောပြီးချင်းပဲ လမ်းကို သွက်သွက်လျှောက်ကာ ထွက်လာလိုက်တော့သည်။ "ငါတို့လဲ လိုက်မယ်" ဟု Tew ကပါ ပြောလာပြီး Aim ရော Wad ပါ ကျွန်တော့် နောက်ကပါလာလေသည်။ Oak ကေ တာ့ ကျန်နေခဲ့ရင်း " Ai'kong...Ai'kong... မင်းပြောတော့ ငါ့ကို မနက်ဖန် Quiz အတွက် သင်ပေးမလို့ဆို " ဟု အော်သံကို ကြားလိုက်ရသည်။
YOU ARE READING
2 heart, 2 life ( Out Of Action)
Fanfictionoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody