Wayo'pov
ဘလိုပဲ ကျွန်တော့် ကိုယ်လုံးမဟုတ်ပဲ P'arthit ရဲ့ ကိုယ်လုံးဖြစ်နေပေမဲ့ ကျွန်တော့်ပါးကို P'pha ကလွဲပြီး ဘသူ့မှ ဆွဲခွင့်ကို မပေးနိုင်ပါ။
"ပုံမှန်ဆို..p'့  ကျွန်တော် ဂရုစိုက်တာကို လက်မခံတတ်ပါဘူး"
ဟု ပြောလာသော P'kong စကားကြောင့် P'kong ကို ကြည့်လိုက်တော့ ကျွန်တော့်ပခုံးပေါ်တင်ပေးထားသော jacket ဆီသို့ အကြည့်ရောက်နေလေတော့သည်။တကယ်ကကျွန်တော်မေ့သွားတာက p'arthit ပြောခဲ့သော p'kong ၏ ဂရုစိုက်မှုများကို အထူးသဖြင့် လူကြားထဲတွင် လက်မခံတတ်ဘူးဆိုသည်ကိုပင်။
"ပြီးတော့ p'bright က ပါးဆွဲတာကို ဘာလို့ သူ့တင်ပါးကို မကိုင်ပဲ ခွင့်ပြုလိုက်ရတာလဲ" ဟု ထပ်မေးလာသော ကြောင့် ကျွန်တော့်စိတ်ထဲတွင် လျှို့ဝှက်တည်းဖို game တခု ကစားနေရလို ထင်လာမိရသည်။
ကျွန်တော် မြန်မြန်စဉ်းစားဖို့ လိုနေပါပြီ။ ဒါပေမဲ့ ကျွန်တော်က Wayo ဖြစ်နေလို့ ဖြေးဖြေးချင်း အချိန်ယူပြီး စဉ်းစားရမည်။
"ဟင်...ငါအေးနေလို့လေ..ပြီးတော့ ပင်ပန်းနေလို့ ငါ အဲ့....င..င..ငတုံးကို ကန်ဖို့ပျင်းနေလို့ " ကျွန်တော် ပြောရင်း ကျွန်တော့် အသံက ကြောက်စရာကောင်းနေသည်ဟု တွေးမိရသည်။ ထို့ကြောင့် ကျွန်တော့်ကို ကျွန်တော် တော်တယ်ဟု ချီးကျူးလိုက်မိသည်။
"ခု p'arthit ကို ကြည့်ရတာ ကျွန်တော် တို့ကို ကြောက်နေသလိုပဲနော်" ဟုP'tew က ကျွန်တော့ကို ပြောလာသည်။
ကျွန်တော်လဲ ဘာပြောရမှန်းမသိဖြစ်လာပြီး P'knot ကိုသာ လှမ်းကြည့်ရင်း စိတ်ထဲမှလဲ...ကျွန်တော့ကိုကူညီပါ...p'....ကျွန်တော့်ကို ကူညီပါ...Mr.Muscle...ဟု ပြောနေမိသည်။
"တော်ပြီ...တော်ပြီ... Prem မင်း Arthit ကို kongpb အခန်းကို လိုက်ပို့ပြီး Arthit ယူစရာရှိတာတွေကို ကူပြီးယူပေးလိုက် ငါတို့ Final Project အတွက် လိုအပ်တာတွေကိုယူဖို့.....ငါ.....က Tew ကို ပို့ပြီး၇င် prem အိမ်ကိုပဲ လာခဲ့လိုက်မယ်"
ဟု ပြောရင်း p'knot က သူ့ကားဆီသို့ P'tew ၏လက်ကို ဆွဲပြီး လျှောက်သွားလေတော့သည်။ ထိုပုံစ့လေးကိုကြည့်ရတာ တကယ်ပဲ ချစ်စရာကောင်းလှသည်။
"Ok...Wad...အိမ်ေ၇ာက်ရင် P' ကို ဖုန်းခေါ်ပါ" ဟုP'prem က ပြောတော့ p'wad က ခေါင်းငြိမ့်ပြလိုက်ပြီး ထွက်သွားတော့သည်။ p'prem လဲ သူ့ကားရှိရာသို့ လမ်းစလျှောက်သွားတော့ ကျွန်တော် နဲ့ p'kong လဲ သူ့နောက်သို့ လိုက်သွားကြရတော့သည်။
P'bright နဲ့ P'Toota က t
axi တားနေကြပြီး P'aim ကတော့ တယောက်ယောက်နှင့်အတူပြန်သွားသည်ကို တွေ့လိုက်ရသည်။ သူက p'pha ကဲ့သို့ပဲ အရပ်၇ှည်သောကြောင့် သူခပ်လှမ်းလှမ်းရောက်သည်အထိ မြင်နေရသည်လေ။သူတို့ပြောပုံအရတော့ p'aim က ရေကူးအသင်းဝင်ဖူးသည်ဟု ပြောဖူးကြသည်။
YOU ARE READING
2 heart, 2 life ( Out Of Action)
Fanfictionoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody