Unit-14
Wayo'pov
" Sawadee kub... P'arthit" ဟု ဖုန်းဝင်သွားတော့ ဖုန်းစပီကာကို ဖွင့်ပြီး ပြောလိုက်သည်။ တဖက်မှ " Nong Yoလား " ဟူသော ပြန်ထူးသံကို ကြားလိုက်ရ၍ ကျွန်တော့် အရှေ့တွင် ထိုင်နေသော လူ ၄ယောက်အား (ကျွန်တော် မပြောဘူးလား ) ဆိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျွန်တော် ကြည့်လိုက်တုန်းမှာပဲ တဖက်က " မင်း Ai'knot ဖုန်းနဲ့ေ ပြာနေတာ မလား.... မင်း သူ့ကို ငါတို့ အကြောင်းပြောပြီးပြီလား.... တခြား ဘသူ သိသေးလဲ.... မင်း ခု ဘယ်မှာလဲ... Kong နဲ့ရော တွေ့ပြီးပြီလား...သူက ဘာပြောလဲ..." ဟု တရစက်မေးနေ၍ ကျွန်တော်လဲ "p'arthit .... စိတ်ကိုလျှော့ပါအုံး....ကျွန်တော် ပြော...." ဟု ပြန်ပြောလို့တောင် မပြီးသေးခင်မှာပဲ " Yo.... ငါ...Ming....မင်း အဆင်ပြေရဲ့လား.... စိတ်အေးအေးထားနော်..... ငါ ခု မင်းဆီကို P'Forth နဲ့တူတူ လာခဲ့မယ်" ဟူသော အချစ်ရဆုံး အရှုပ်ထုပ်ကြီး Ming ရဲ့ အသံကို ကြားလိုက်ရသည်။
"ဘာပြောတယ်.... မင်းနဲ့ P'forth သိတယ်ဟုတ်လား....ဘလို သိတာလဲ... P'Pha ရောသိတာလား...." ဟု ပြန်မေးလိုက်တော့ တဖက်တွင် ming နဲ့ p'arthit ရန်ဖြစ်နေတဲ့ အသံကို ကြားလိုက်ရပြီး P'Forthက ဖုန်းကို ဆွဲယူလိုက်ပုံရပြီး သူတို့နှစ်ယောက်ကို တိတ်တိတ်နေဟု ပြောနေသော P'Forth အသံကို ကြားလိုက်ရသည်။
ကျွန်တော့်မှာလဲ P'Bright က ဖုန်းကို အတင်းလုနေသောကြောင့် အလုပ်ရှုပ်နေရတော့သည်။ နောက်ဆုံးတော့ p'bright တယောက် အကန်ခံလိုက်ရပြီး ဖုန်းကိုလဲ P'knot က ယူသွားလေတော့သည်။ P'Forth နဲ့ P'Knot နှစ်ယောက် စကားပြောနေကြသည် ကို
သူတို့ စကားပြောနေကြသည်ကို အကုန်ကြားစေရန် စပီကာကို ဖွင့်ထားပြီး ပြောနေကြသည်။ နောက်ဆုံးတော့ ကျွန်တော်နှင့် P'arthit နှစ်ယောက် ဘသူ့နှောင့်ယှက်ခြင်းမှ မခံ ရစေဘဲ စကားပြောကြရန် ဆုံးဖြတ်လိုက်ကြသည်။ ကျွန်တော်တို့လဲ ဆုံးဖြတ်ချက်ချပြီး ကျွန်တော့် အခန်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်။
Wayo တို့က သူ့အခန်းရှိရာကို သွားနေကြသလို ထိုအခန်းမှာ ရှိနေသော Arthit ကလဲ တယောက်ထဲ အခန်းထဲတွင် ထိုင်နေပြီး နေ့လည်စာ သွားစားကြသော Ming နဲ့ Forth ကို စောင့်နေလေသည်။
Arthit'pov
ဒေါက်....ဒေါက်...ဒေါက်...
"သူတို့ လာပြီ ထင်တယ်..." ဟု Ming က ထိုင်နေသော ကျွန်တော့်ဘက်လှည့်ပြောပြီး တံခါးဖွင့်ရန် ထသွားလေတော့သည်။ သူ တံခါး ဖွင့်လိုက်တော့ Ai'Bright ရဲ့ ချိုသာလွန်းလှသော အသံကြီးကို ကြားလိုက်ရသည်။
"Sawadee kub...ဒီဟာက Wayo အခန်းလား မသိဘူးခမျ" ဟု ပြောလိုက်တော့ သူ့အနားတွင် အမြဲလိုလို ကြောင်နဲ့ကြွက်လို ရှိနေသော Toota က " မင်းဘာလို့ အပိုတွေ မေးနေရတာလဲ.... Wayo ကိုယ်တိုင်က သူ့အခန်းပါလို့ ပြောနေတာကို" ဟု ပြောလိုက်သံကိုပါ ကြားလိုက်ရသည်။
Ming က သူတို့ကို အထဲသို့ ဖိတ်လိုက်ပြီး သူတို့ ထိုင်လို့ရမည့် နေရာကို ပြလိုက်သည်။
***********************************************************
Arthit နဲ့ Wayo ထိပ်တိုက်တွေ့ခိုင်းလိုက်ပြီနော်
YOU ARE READING
2 heart, 2 life ( Out Of Action)
Fanficoriginal fic- 2 Heart, 2 Life 2 moon & sotus Credit- @soNobody