Unit 7

679 84 0
                                    

A/N : အရင်ဆုံး Reader တွေကို တောင်းပန်ချင်ပါတယ် update ကြာသွားတဲ့အတွက်ပါ...

           ခု မဖြစ်စေရတော့ပါဘူး... နေ့တိုင်းပုံမှတ် Up သွားပါ့မယ်....


Ming'pov

ကျွန်တော် သူ့နှာခေါင်းကို စိတ်ပူနေမိပေမဲ့ ကျွန်တော့်ရှေ့တွင်ရပ်နေသော Wayo က နဲနဲတော့ ကွဲပြားနေပြီး တမျိုးဖြစ်နေသည်ဟု ထင်မိသည်။ ကျွန်တော် သူ့ဆီကနေ သူရဲ့ ယုံကြည်မှုတွေ သူ့ရဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုတွေ သူ့ရဲ့ အရိုင်းဆန်သလို ဖြစ်နေမှုတွေကို ခံစားမိနေသည်။ ကျွန်တော် ထိုခံစားချက်ကို မကြိုက်သော်လည်း ထို ခံစားချက်ကို မျက်နှာပေါ်က အပြုံးနှင့် ဖုန်းကွယ်လိုက်သည်။ ကျွန်တော့ရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးက ဘယ်ရောက်သွားပြီလဲ??? ထို့ပြင် Yo့  ကျွန်တော့်မျက်လုံးတွေကို ရှောင်နေပြီး သူ့မျက်လုံးတွေထဲမှာ လဲ ကျွန်တော်နဲ့ စကားပြောနေရသည့်အတွက် ဒုက္ခရောက်နေသည့်ပုံ ပေါ်နေလေသည်။

ကျွန်တော်နဲ့ Yo က အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ်နဲ့ တူတူကြီးပြင်းလာခဲ့ ကြသောကြောင့် သူနဲ့ ပတ်သက်သမျှကို ကျွန်တော် အကုန်မှတ်မိသည်။ အခုလဲ Wayo တခုခုဖြစ်နေသည်ဆိုတာ ကျွန်တော်သေချာကို ပြောရဲသည်။ သူက အမြဲတမ်း ရှက်တတ်ပြီး သူ့ကို သူ အမြဲတမ်းလိုအပ်နေတယ်ဆိုပြီး ယုံကြည်ချက်မရှိတဲ့သူပါ။ အခုချိန်ထိ သူကြီးကြီးမားမား ပြောင်းလဲ သွားတာဆိုလို့ တက္ကသိုလ်ကျောင်းသားဖြစ်လာခြင်းနှင့် P'pha နှင့် ချစ်သူ ဖြစ်သွားခြင်းသာရှိလေသည်။ သူ့ရဲ့ ကြောက်တတ်တဲ့စိတ်နဲ့ ရှက်ကြောက်ခြင်းကတော့ ရှိနေတုန်းဆိုတာ ကျွန်တော် ခံစား၍ရနေခဲ့သည်။

ထို့ကြောင့် ကျွန်တော်ရဲ့ မျက်နှာကို တည်အောင်ပြင်လိုက်ကာ ကျွန်တော့် ရင်ဘတ်ကို လက်ဖြင့် ယှက်ကာလိုက်ရင်း တံခါးနှင့် သူ့မျက်နှာကို ရီုက်မိတုန်းက ကြားလိုက်ရသော *N'* ဟု ခေါ်လိုက်ခြင်းကို မေးလိုက်ရသည်။ "ငါမင်းကို ဘယ်တုန်းက N' လို့ခေါ်လို့လဲ....ပြီးတော့ မင်းကို မရှောင်ပါဘူး.....Ai'MIm...Ming.." ဟု သူက ကျွန်တော့်မျက်လုံးတွေကို ရှောင်ရင်း ကျွန်တော့နာမည်ကိုလဲ အ ထစ်ထစ်နှင့် ခေါ်လိုက်သည်။

"Yo... မင်းနဲ့ ငါက ဟိုးငယ်ငယ်လေးထဲက သိကြတာနော်...ဘယ်တော့ပဲဖြစ်ဖြစ် ပြသနာတွေကို ပြောပြနေကြလေ...မင်းကြိုက်တဲ့ သူက ကောင်လေးတယောက်ဆိုတာရော မင်းက မိန်းကလေးတွေကို မကြိုက်တဲ့ အကြောင်းတောင်မှ ငါ့ကို ပြောပြခဲ့တယ်လေ..." ဟု ပြောပြီး ကျွန်တော် အသက်ကို ပြင်းပြင်းရှူကာ အခန်းထဲက လှည်ံထွက်မသွားခင် "ငါ့က မင်းအတွက် လိုအပ်တဲ့သူ မဟုတ်တော့ဘူးလို့ ငါထင်တယ်...မင်းက ငါတို့ကြားမှာရှိတဲ့ အမှတ်တရတွေကို အကုန် မေ့လိုက်တာပဲ ဒါပေမဲ့ ငါက မင်းရဲ့ သူငယ်ချင်းကောင်းပါပဲ " ဟုပြောကာ အခန်းဝသို့ လျှောက်လာရင်း စိတ်ထဲမှလဲ...yo...ကျေးဇူးပြုပြီး ငါ့ကိုရပ်ခိုင်းပေးပါ....ကျေးဇူးပြုပြီး... ဟု ကြိတ်ဆုတောင်းနေမိသည်။ ကျွန်တော် အခန်းထဲက မထွက်ခင် သူ့ကို တားလိုက်စေချင်နေသည်။

"ခနနေအုံး" ဟူသော အသံကို ကြားလိုက်ရ၍ ကျွန်တော် ဝမ်းသာသွားပြီး ပြန်လှည့်ကာ သူ့ကို ကြည့်လိုက်တော့ နှာခေါင်းအဝတွင် Tissueကြီးကို ဆို့ထားသည်ကိုတွေ့လိုက်ရသည်။ မရီနဲ့ Ming ဟု ကိုယ့်ကိုကိုယ် ထိန်းချုပ်နေရသည်။ ဒီအချိန်က သူငယ်ချင်းကို စရမဲ့ အချိန် မဟုတ်ဘူးလေ... Yo့  ချစ်ဖို့ကောင်းပြီး တချိန်ထဲမှာပဲ ဘာလို့ ရီစရာကောင်းနေရတာလဲ??? P'pha က ဘလိုလုပ် သူ့ကို ကြွေသွားပြီး ချစ်နေရတာလဲ ဆိုတာကို သိချင်မိသည်။ ကျွန်တော့ရဲ့ kitkat လေးက မှ ပိုချစ်ဖို့ကောင်းနေသေးသည်။


2 heart, 2 life ( Out Of Action)Where stories live. Discover now