Unit-20

618 90 12
                                    

Kong'pov

လက်တဖက်တွင် ကိတ်မုန့်ကို ကိုင်၍ ကော်ဖီဆိုင်အပေါက်ဝသို့ သူငယ်ချင်း တွေထက်အရင်ဝင်ခဲ့လိုက်သည်။
ထိုအချိန်တွင် ထောင့်ကနေ ရုတ်တရက် ပေါ်လာတဲ့လူနဲ့ ပခုံးချင်းတိုက်မိသွားသည်။ ပခုံးချင်း ဆိုတာထက် ပခုံးနဲ့ ခေါင်းနဲ့တိုက်မိသွားခြင်းဆို ပိုမှန်ပေလိမ့်မည်။
အထဲကို ဝင်ဖို့လုပ်နေတဲ့ သူ့ကို wad က လှမ်းဆွဲ ခြင်းကို ခံလိုက်ရ၍ စိတ်ပျက်စွာ ညည်းလိုက်သံကို ကြားလိုက်ရသည်။
"မင်း...တောင်းပန်တယ်လို့ ပြောပြီး အတိုက်ခံရတဲ့သူ ဘာဖြစ်လဲ မေးရမယ်ဆိုတာ မသိဘူးမလား" ဟု wad ဆီက Head hazer ပီသစွာ အသံမာမာကထွက်လာလေတော့သည်။ အရပ်ရှည်ရှည်နဲ့ လူကလဲ wad ရဲ့ လက်ကို ဖယ်ချလိုက်ပြီး အထဲဝင်ဖို့ကို လုပ်နေပြီး wad ကလဲ လွှတ်မပေးပဲ ဆွဲထားလေသည်။

"ငါ က တောင်းပနိပြီးပြီ လူရမ်းကား ကောင်ရဲ့"
ဟု အရပ်ရှည်ရှည်လူက ပြောပြီး wad လက်ကို နောက်တကြိမ်တွန်းထုတ်လိုက်သည်။ ဒီတကြိမ်တွင်တော့ wad ကို အားထည့်တွန်းလိုက်ပုံရသည်။ wad အနဲငယ်ယိုင်သွားသည်ကို မြင်လိုက်ရသည်။ သို့သော် ကျွန်တော်တို့ အကူအညီမပေးနိုင်ပါ။ ထိုလူရဲ့ အရပ်က ကျွန်တော် တို့အကုန်လုံးထက် ၅cm သို့ 10cm လောက်ပိုရှည်နေသည်မဟုတ်ပါလား။
Wad က သူ့ကို ပြန်ထိုးဖို့ကြိုးစားနေတုန်း tew နဲ့ aim က ဝင်ဆွဲလိုက်သည်။
"Wad...ရပ်လိုက်တော့...သူ့နောက်ကိုကြည့်လိုက်အုံး နောက်ထပ် ၄ယောက်ပါသေးတယ်နော်" ဟု tew က wad အနားကပ်ကာ တိုးတိုးပြောလိုက်သော်လည်း ကျွန်တော် တို့ပါကြားလိုက်ရသည်။
"ကျွန်တော့်သူငယ်ချင်းအစားတောင်းပန်ပါတယ်...သူကစိတ်ဆတ်တဲ့သူမို့ပါ" Aim က တောင်းပန်လိုက်ရင်း တဖက်ကလဲ wad ကို ဆွဲထားလေသည်။
"ရပါတယ်...ကျွန်တော့်သူငယ်ချင်းကလဲ သေချာတောင်းပန်သင့်တာပါ..သူလဲ အရင်လိုနေလို့ပါ" ဟု အရပ်ရှည်ရှည်နဲ့လူရဲ့ သူငယ်ချင်းတွေထဲက ပါးချိုင့်နှင့်တယောက်က ပြောလာသည်။
ထိုပါးချိုင့်နှင့်တယောက်နောက်တွင်ရပ်နေသော အရပ်ရှည်ရှည်နှင့် နောက်ထပ်တယောက်ဆီသို့အကြည့်ရောက်သွားမိသည်။ ထိုနှစ်ယောက်ကို ကြည့်ရသည်မှာ အတွဲမှန်းသိသာလွန်းနေသည်။ အကြောင်းကတော့ ပါးချိုင့်နှင့်ကောင်လေး ၏ စကားအဆုံး ပါးပေါ်သို့ ထိုအရပ်ရှည်ရှည်နှင့်နောက်တယောက်က နမ်းရန်ကြိုးစားနေသောကြောင့်ဖြစ်သည်။

Wad နဲ့ အရပ်ရှည်ရှည်လူတို့ကြားထဲ တောင်းပန်မှုတွေ နှင့်ရှုပ်နေတုန်း ချစ်စရာကောင်းသော ကောင်လေး တယောက်က အပေါက်ဝသိျု့ရာက်လာပြီး "kongob"
ဟု ခေါ်လာသောကြောင့် ထိုကောင်လေးကို ကျွန်တော် စူးစမ်းစွာ ကြည့်နေတုန်း wad နှင့်ပြသနာဖြစ်နေသော အရပ်ရှည်ရှည်နှင့်လူထံမှ နာမည်တခုခေါ်သံကိုကြားလိုက်ရသည်။
"Wayo"
ထိုအသံကြောင့် အရပ်ရှည်ရှည်နှင့် လူကိုကြည့်လိုက်တော့ ထိုသူ၏ အကြည့်များက ကျွန်တော့်နာမည်ကို ခေါ်လာသော ကောင်လေးဆီသို့ရောက်နေလေသည်။
ကျွန်တော် သူတို့နှစ်ယောက်ကို ကြည့်နေတုန်း မှာပဲ ထို ချစ်စရာကောင်းသော ကောင်လေး ၏ ဘေးသို့ နောက်ထပ် ကောင်လေးတယောက်ထပ်ရောက်လာလေသည်။
အဲ့တယောက်ကတော့ ကျွန်တော် သိတဲ့ ကျွန်တော်ရဲ့ oon ပါပဲ။
"P'arthit"
ကျွန်တော် ဝမ်းသာအားရ ခေါ်လိုက်သော်လည်း ကျွန်တော့ oon ရဲ့အကြည့်တွေက အရပ်ရှည်ရှည်နှင့်လူဆီမှာသာရှိနေသည်။
"P'pha"
ကျွန်တော့်ရဲ့ p' ဘာပြောလိုက်တာလဲ....ကျွန်တော့်ကို ပြောကြပါအုံး။
ကျွန်တော် နားကြားမှားတာနေမှာပါ...နေပါအုံး...ကျွန်တော့်P' ရဲ့ မျက်ဝန်းတွေက စွတ်စိုနေပါလား။
သူငိုနေသည်လား....ကျွန်တော့်ကိုကြည့်၍ ငိုခြင်းမဟုတ်ပဲ တခြားလူဆီရောက်နေသော အကြည့်တို့ကြောင့် စိတ်ရှုပ်ထွေးကာ ဆောက်တည်ရာမရဖြစ်နေတော့သည်။

2 heart, 2 life ( Out Of Action)Where stories live. Discover now