Chapter-2

2.5K 216 18
                                    

"ဘယ်​အ​ခြေအ​နေပဲ​ရောက်​​ရောက်​ ဆက်​ခံသူကို
မင်းတို့အသက်​နဲ့လဲပြီး ကာကွယ်​ပါ"

"​ကောင်းပါပြီ ​ခေါင်း​ဆောင်​ကြီး"

ခေါင်း​ဆောင်​ လီဟန်​မန်း ရဲ့ စကားအဆုံးမှာ ဂိုဏ်းသား များက အရိုအ​သေ​ပေးရင်း felix အ​နောက်​မှာ
ရပ်​လိုက်​ကြသည်

ခေါင်း​ဆောင်​ လီ က felix ​ရှေ့တွင်​ရပ်​လိုက်​ပြီး ပခုံးတစ်​ချက်​ပုတ်​ကာ မှာကြားသည်

"Felix .... တာဝန်​ကို ​ကျေပွန်​​အောင်​ ​ဆောင်​ရွက်​ပါ"

"သား​လေး felix omma ဆီ တစ်​ရက်​တစ်​ခါ​တော့ဖုန်းဆက်​​နော်​"

Ommaက​တော့ မိခင်​ပီပီ စိတ်​ပူပန်​စွာ မှာကြားသည်

"ကဲ ....ကဲ...အားလုံးသွားကြ​တော့ ​လေယာဉ်​​ချိန်​ ​နောက်​ကျ​တော့မယ်​"

Appaရဲ့ စကားအဆုံးမှာ felix ဆာကူရာ စံအိမ်​​တော်​ကြီးကို ​တစ်​ခဏ​တော့ ဝေ့ဝဲ ကြည့်​လိုက်​မိသည်

ဒီတစ်​ခါ ခရီးက ဘယ်​အခါမှပြန်​လာရမည်​မသိ

ငယ်​စဉ်​ကတည်းက ကြီးပြင်းလာတဲ့ ဒီ​နေရာ ဒီပတ်​ဝန်း ကျင်​ အားလုံးကို ထားခဲ့ပြီး ​နေရာအသစ်​ကို သွားရ​တော့မှာပါလား

မျက်​ရည်​​တွေရွှဲ​နေတဲ့ omma ကိုကြည့်​ရင်း felix မငိုမိ​အောင်​မနည်းထိန်း​နေရသည်

Appaက​တော့ ​ခေါင်း​ဆောင်​တစ်​ဦးပီပီ ခံစားချက်​ကို ထိန်းသိမ်းနိုင်​စွမ်းရှိသည်

Jisung hyung ဖွင့်​​ပေးသည့်​ ကားထဲဝင်​ထိုင်​ရင်း ငိုချင်​စိတ်​ကတားမရ

မျက်​လုံးကိုပုတ်​ခတ်​ပုတ်​ခတ်​လုပ်​ရင်း မကျမိ​အောင်
်​ထိန်းထားရသည်

ခရီးရဲ့ အစသည်​ ပင်​ပန်းလှ​ပေစွ

............🎎............

ဂျပန်​ကို​ရောက်​​တော့ အသင့်​​စောင့်​​နေသည့်​ လူတစ်​စုက လာကြိုသည်

အတန်​ကြာ​အောင်​ ကားစီးပြီး​နောက်​ ဆာမူရိုင်းတို့စခန်း ချရာ ကျွန်းငယ်​တစ်​ခုသို့​ရောက်​​လေသည်

🎎The Flower's Knight🎎1Where stories live. Discover now