Chapter-18

1.8K 190 17
                                    

ဲတစ်​​ယောက်​​ယောက်​က ကိုယ့်​ဘဝထဲက ရုတ်​တရက်​ ထွက်​ခွာသွားမယ်​မှန်းသိခဲ့ရင်​ ပိုဂရုစိုက်​ခဲ့မိမှာ.....

ထင်​မှတ်​ထား​သော အဖြစ်​တို့က ဖြစ်​​ပေါ်လို့လာသည်

နတ်​ကွန်းက ဆု​တောင်းပွဲအပြီးမှာ ကားသုံးစီးဆင့်​တိုက်​မှု​ကြောင့်​ ​အကြီးအကဲ Seoတို့ လင်​မယားအပါအဝင်​ ၅ဦးသေဆုံးပြီး ၆​ယောက်​ဒဏ်​ရာရခဲ့​လေသည်

Changbin နဲ့ Felixက ​ခြေလျင်​လမ်းက သွားကြဖို့ပြင်​ဆင်​​နေတဲ့အချိန်​မှာ ဖြစ်​ပျက်​ခဲ့တာ

Jisungက​တော့ ညာဖက်​လက်​ကျိုးသွားယုံကလွဲပြီး ကျန်​တာကြီးကြီးမားထိခိုက်​တာမရှိခဲ့​ပေ

Bangchanက​တော့ ​ခုထိ​ဆေးရုံကမဆင်းရ​သေး....

ဈာပနအခမ်းအနားကို နိုင်​ငံရပ်​ခြားမှ အကြီးအကဲ အသီးသီးက တက်​​ရောက်​ကြတာမို့ စည်​ကားလို့​နေသည်

အားလုံးရဲ့ရင်​ထဲမှာ ဝမ်းနည်းပူ​ဆွေးမှု​တို့က
အတိုင်းသား

မထင်​မှတ်​ထားတဲ့အချိန်​မှာ ဖြစ်​ပျက်​သွားတာမို့
ခုချိန်​ထိ မယုံကြည်​နိုင်​​အောင်​ဖြစ်​​နေကြဆဲ...

လူကြီး​တွေက​တော့ ​တွေး​တွေးဆဆနဲ့ ​ရှေ့ဆက်​ရမယ့်​ လုပ်​ငန်းစဉ်​​တွေကို ချမှတ်​ကြသလို လူငယ်​​တွေက​တော့ ခံပြင်းမှု​ကြောင့်​ တရားခံကို ​ဖော်​ထုတ်​ကြဖို့ ​သွေးပူ​နေကြသည်

ဒါဟာ ထိုင်းမှာ အကြီးအကဲ​ခေါင်း​ဆောင်​လုပ်​ကြံခံရမှုနဲ့ ပတ်​သက်​လိမ့်​မယ်​လို့ ​ကောက်​ချက်​ချပြီး Changbin နဲ့ Felix တို့ရဲ့ လုံခြုံ​ရေးကို အရင်​ကထက်​ ပိုတိုးမြှင့်​လိုက်​​လေသည်

"ကျွန်​မတို့က​လေး​တွေ ဒီဟာကို ဖြတ်​​ကျော်
နိုင်​မှာပါ​နော်​"

ဆိုယွန်း ခပ်​လှမ်းလှမ်းမှာ ဧည့်​သည်​​တွေကို နှုတ်​ဆက်​​နေသည့်​ Changbin နဲ့ felix ကိုမျက်​ရည်​​တွေကြားမှကြည့်​ရင်း ​အကြီးအကဲလီ ကို ​ပြောလိုက်​ခြင်ဲးဖြစ်​သည်

"မပူပါနဲ့ကွာ.... လူငယ်​​တွေဆိုတာ ဒီလိုအဖြစ်​အပျက်​​တွေကပဲ ရင့်​ကျက်​ဖို့ သင်​ယူရတာ"

🎎The Flower's Knight🎎1Where stories live. Discover now