Chapter-26

2K 152 19
                                    

"သွား​တော့....ဒါ...ငါ့ဖက်​က တတ်​နိုင်​တာ အကုန်​ပဲ
နောက်​တစ်​ခါ ဘယ်​​တော့မှ ... ဘာအ​ကြောင်း​ကြောင့်​မှ  ငါတို့ မဆုံ​တော့ဘူး"

"​ကောင်းပြီ... ငါ... မင်းကို... ​မေ့လိုက်​ပါမယ်​"

တစ်​ကြိမ်​တစ်​ခါမျှ မပိုင်​ဆိုင်​ဘူးတဲ့ မျက်​ဝန်းနက်​နက်​​တွေနဲ့ ​​မေ့ဖို့ဆိုသူသည်​ သ​ဘောင်္​ပေါ်​တစ်​​ရွေ့​ရွေ့ ထွက်​ခွာသွားပြီ

ကျောခိုင်းသွားတဲ့ အရိပ်​က​လေးကို ကြည့်​ရင်း ရင်​ထဲမှာ ​​ကျေနပ်​မှုနှင့်​အတူ ဝမ်းနည်းလွမ်းဆွတ်​မှုကို
တစ်​ပြိုင်နက်​​တည်းခံစား​နေရသည်

သူချစ်​ရတဲ့သူကို အဆုံးစွန်​ထိ ကာကွယ်​​ပေးလိုက်​နိုင်​သည်​​ကြောင့်​ ​ကျေနပ်​မိ​သော်​လည်း .... ဒီ​နေ့ကစပြီး သူတို့ထပ်​​တွေ့နိုင်​စရာ မရှိ​တော့....

ကိုယ်​ဟာ သူချစ်​ခဲ့တဲ့သူတစ်​​ယောက်​ မဟုတ်​တာ
သိ​ပေမယ့်​လည်း သူ့အတွက်​က​တော့ တစ်​ဘဝမှာ
တစ်​​ယောက်​​တည်းသာ...

တစ်​စုံတစ်​​ယောက်​ကို ချစ်​မိတဲ့အခါ အခက်​ခဲဆုံးက လက်​လွှတ်​ရတာပဲ....

Seungminသူ့​ရှေ့က ဖြူလွှလွှ အရိပ်​က​လေးကို
ဖမ်းဆုတ်​ချင်​သည့်​စိတ်​ကို မနည်းတား​နေရသည်

ကိုယ့်​အနားမှာ သူရှိလို့မရသလို သူ့အနားမှာလဲ
ကိုယ်​​နေခွင့်​မရှိတဲ့အခါ .... အချစ်​ဟာ လွမ်း​ဆွေးဖို့ သက်​သက်​သာ....

ကမ်းက ခွာသွားတဲ့ သ​င်္ဘောကို ကြည့်​ရင်း ​ဆွေး​မြေ့မှုက သူ့နှလုံးသားကို တစ်​တိတိတိုက်​စား​နေသည်

ငါတို့ မ​တွေ့​တော့ဘူး....wadiya....

တစ်​နှစ်​လား..... နှစ်​နှစ်​လား.... ဒါမှမဟုတ်​ ထာဝရအတွက်​လား.......

.......🎎.......

"Leeknow က​လေးရာ ဘာ​တွေ လုပ်​​နေတာတုန်း
နေ​ကောင်း​သေးတာလဲ မဟုတ်​ဘဲနဲ့"

လာပါပြီ... ဒါ ကျွန်​​တော့်​ရဲ့  ...နှ​စ်​ယောက်မရှိတဲ့
ချစ်​ရသူ လူပျိုကြီး Han ....

Leeknowလို့ ​ခေါ်တဲ့​လေသံအရ ဒါဟာ သူ ကျွန်​​တော့်​ကို စိတ်​ပူ​နေတဲ့ စိုးရိမ်​​ရေမှတ်​ကို သိနိုင်​သည်

🎎The Flower's Knight🎎1Where stories live. Discover now