Chapter-21

1.8K 183 14
                                    

လှိုင်းပုတ်​သံလိုလို.... ​​လေတိုးသံလိုလို...

မှောင်​မည်း​နေတဲ့ ကမ်း​ခြေမှာ သူ​​ပြေးလွှားရင်း
တစ်​​ယောက်​​ယောက်​ကို လိုက်​ရှာ​နေမိသည်

"Bae!!!!...ကိုယ့်​ဆီပြန်​လာခဲ့ပါ......"

တ​ကြော်​​ကြော်​ ​ခေါ်​နေသည့်​ သူ့အသံက ​လှိုင်းသံ ​လေသံကြားထဲ ​ပျောက်​ဆုံးကုန်​သည်

မိုးခြိမ်းသံနှင့်​အတူ.... လျှပ်​​ရောင်​ကဝင်းခနဲ...

*လျှပ်​စီး​တွေလက်​​နေတယ်​... babe​တော့​ကြောက်
်​​နေ​တော့မှာပဲ*

ညအ​မှောင်​သည်​ နက်​သည်​ထက်​ နက်​လာ​ပေမယ့်
ခုထိ felixကို သူရှာမ​တွေ့​သေး

မကြာခင်​မှာပင်​ ကမ်း​ခြေတစ်​ခုလုံး မိုး​တွေက
သည်းသည်းမည်းမည်း ရွာချလာသည့်​အပြင်
လေပြင်းမုန်​တိုင်းကျလာသည်

မိုးစက်​​တွေ​ကြောင့်​ သူ့တစ်​ကိုယ်​လုံး စပ်​ဖျင်းဖျင်း ဖြစ်​​နေ​ပေမယ့်​ သူမရပ်​နားမိ.....

*ကျွန်​​တော့်​က​လေး​လေး ချမ်း​နေရှာ​တော့မယ်​*

"ဘယ်​မှာလဲ.....babe...မင်း....ဘယ်​မှာလဲ"

ဘယ်​​နေရာကြည့်​ကြည့်​ ​မှောင်​မဲ​နေတဲ့ ပတ်​ဝန်းကျင်​ထဲ
ခြေဦးတည့်​ရာ သွားရင်း လိုက်​ရှာ​နေ​ပေမယ့်
သူ့က​လေး​လေးက​တော့ ဘယ်​​နေရာ​ရောက်​​နေမှန်းမသိ

ကိုယ့်​ကို ပုန်း​နေတာလား ....မကျီစားပါနဲ့​တော့

လျှပ်​​ရောင်​တစ်​ချက်​အလက်​မှာ မြင်​လိုက်​ရတာက
အုန်းပင်​​အောက်​မှာ လူတစ်​​ယောက်​လား...မသဲကွဲ

အနားတိုးကပ်​ကြည့်​​တော့ သူ့က​လေး​လေး...

ကြောက်​​နေလို့ထင်​ပါရဲ့ ဒူး​ခေါင်း​ပေါ်မျက်​နှာအပ်​ပြီး တဆတ်​ဆတ်​တုန်​​နေတာ

"babe...babe...."

ပုခုံးကို ခပ်​ဆတ်​ဆတ်​ ပုတ်​နှိုးလိုက်​မှ ​မော့ကြည့်​လာတဲ့
မျက်​ဝန်း​တွေ....

မိုး​စက်​​တွေ​နဲ့​ရော​နေတဲ့ မျက်​ရည်​စီး​ကြောင်း​လေး
တစ်​ခုက သူ့ရင်​ကို မိုးကြိုးမုန်​တိုင်းတစ်​ခု
ဝင်​​မွှေသွားသည့်​နှယ်​...

🎎The Flower's Knight🎎1Where stories live. Discover now