ရင်ဘတ်ပေါ်က လှုပ်လှုပ်ရွရွ ဖြစ်နေသဖြင့် felix အိပ်ပျော်နေရာမှ နိုးလာသည်
မှုံဝါးဝါး အမြင်အာရုံမှာပေါ်လာသည်က တိုစိတ်စိတ် မျက်တောင်တွေနဲ့ ခပ်လုံးလုံး နှာတံတစ်ခု
အသေအချာကြည့်မိတော့ သူ့ရင်ဘတ်ပေါ်မှာ ဟိုဓာတ်ပုံ ထဲက ရုပ်တည်နဲ့ ဆာမူရိုင်းကောင်
သူ့ဖက်ကို ပြန်လှည့်အကြည့် အေးစက်စက် မျက်ဝန်းတွေနဲ့ ဆုံမိတဲ့အခိုက်
်ခဏတော့ နှစ်ယောက်သား ကြောင်ကြည့်နေမိသေးသည်
ထို့နောက်မှာတော့......
"အား!!!!!!!!!!!!!!!"
"ဝုန်း........ဒုန်း...."
စူးရှကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ပြိုလဲကျသံတို့က မရှေးမနှောင်းမှာပင် ထွက်ပေါ်လို့လာလေသည်
Felix၏ အလန့်တကြား ထကန်ချက်ကြောင့်
ကော်ဇော ထက်မှာ ပုံပျက်ပန်းပျက် ကျသွားသည့် သူ့ကိုငေးကြည့်ရင်း စိတ်ထဲမှာလဲ ပလုံစီအောင်တွေးနေမိသည်*ဒီကောင်....ငါ့ကိုဘာလုပ်မလို့ပါလိမ့်*
"မင်း.....မင်း.....!!!!"
သူ့ကို လက်ညှိုးတစ်ထိုးထိုးနဲ့ ထော့နဲ့ထော့နဲ့ ထလာ သည့် အနှီ ဆာမူရိုင်းကောင်သည် နာကျင်မှုနှင့်ဒေါသအမျက်တို့ထွက်လျက် felix ကို စားမတတ် ဝါးမတတ် ကြည့်နေသည်
ထို့နောက် ကုတင်ပေါ် မျက်လုံးအပြူးသားနှင့် ငုတ်တုပ်မေ့နေသည့် felix အနားသို့ တဖြည်းဖြည်း တိုးကပ်လာသည်
"ခင်ဗျား....ခင်ဗျား....ဒါ..ဘာ..ဘာလုပ်တာလဲ"
အထစ်ထစ်အငေါ့ငေါ့ဖြင့် felixမှာစကားပင်ဖြောင့်တန်းအောင်မထွက်နိုင်တော့
"မင်းက ငါ ဘာလုပ်မယ်တွေးနေတာလဲ ဟမ်!!!!!
မင်းအောက်မှာ အိပ်ပျော်နေလို့လဲ အပေါ်ထိ
မင်းခန္ဓာကိုယ်ကြီးကို သယ်လာရသေးတယ် ခုလည်း
မင်းက ငါ့ကို ကန်ချတယ် .... "
YOU ARE READING
🎎The Flower's Knight🎎1
Fanfiction(Zawgyi + Unicode) Straykids fanfiction Boy x Boy Changlix Minsung Seungjin