Chapter-14

2.4K 209 58
                                    


felix ဒဏ်​ရာ ရထားတဲ့ ဒီရက်​​တွေမှာ သူ့ရဲ့ ကိစ္စ အဝဝကို changbinကပဲ ဒိုင်​ခံလုပ်​​ပေးသည်

ရေချိုးတာ... ဒဏ်​ရာကို ပတ်​တီးလဲတာကအစ
အကုန်​လုံး changbinပဲ တာဝန်​ယူသည်

ခုလည်း ​felix ရေချိုးတာကို ​အတင်းလိုက်​ချိုး​ပေးမယ်​လုပ်​​နေတာ

"yeobo... ကျွန်​​တော်​ ​နေ​ကောင်း​နေပြီလို့....
ရတယ်​ဆို​နေ"

"​အနာထဲ ​ရေဝင်​ကုန်​မှာစိုးလို့ပါ"

ကျွန်​​တော်​က သူ့ကိုမျက်​နှာပူ​နေသလို သူကလဲ
ကျွန်​​တော့်​ကို စိုးရိမ်​​နေတာ...

ဒါက ကျွန်​​တော်​တို့နှစ်​​ယောက်​ကြားထဲမှာ အမြဲဖြစ်​​နေကြပင်

ပထမဆုံး သူချစ်​​နေတယ်​လို့ ​ပြောတဲ့​နေ့ကစပြီး သူနဲ့ ကျွန်​​တော့်​ကြားထဲက ​လေထုဟာ ဟိုအရင်​လိုမဟုတ်​​တော့ဘဲ အ​ရောင်​တစ်​မျိုးမျိုး လွှမ်း​နေသလို

ကျွန်​​တော်​ဆိုတာကလဲ စိတ်​ထဲက တဖွဖွ ချစ်​​တယ်​​ပြော​နေ​ပေမယ့်​လို့ အပြင်​မှာ (အထူးသဖြင့်​ seo changbinဆိုတဲ့ သူ့​ရှေ့မှာ) ဝန်​ခံဖို့ ခက်​လွန်းတယ်

ပြီး​တော့ သူ့ဖက်​ကလဲ ​သေချာ​စေချင်​​သေးတာ

ဒါ​ပေမယ့်​ ကျွန်​​တော့်​ဖက်​က ဘယ်​လိုပဲ ​ရှောင်​​ရှောင်
နောက်​ဆုံးမှာ​တော့ ​ခေါင်းမာလွန်းတဲ့ သူ့ကို ကျွန်​​တော်​ကပဲ အ​လျှော့​ပေးလိုက်​​လျောရသည်

ခုံပု​လေး​ပေါ် ထိုင်​​နေတဲ့ ကျွန်​​တော့်​ကို ​ရေဝတ်​တိုက်​​ပေး​နေတဲ့ သူဟာ ဒီလိုကျ​တော့လဲ ကျွန်​​တော့်​ ommaနဲ့ တူ​နေသ​ယောင်​​ယောင်​...

"Babe!!!​ခေါင်း​လျှော်​မလား ကိုယ်​​လျှော်​​ပေးမယ်​"

"​လျှော်​လိုက်​ရမလား... မ​လျှော်​တာ​တော့ကြာ​နေပြီ"

ဒီလိုနဲ့ ​ခေါင်း​လျှော်​​ရေချိုးပြီး​တဲ့အချိန်​ ဆံပင်​​တွေကို dryerနဲ့ မှုတ်​​ပေးသည်

ခါတိုင်းကဆို ကျွန်​​တော့်​ yeoboက ​dryerမှုတ်​​လေ့မရှိ​ပေမယ့်​ ကျွန်​​တော့်​ကို​တော့ မလုပ်​တတ်​ လုပ်​တတ်​နဲ့ လုပ်​​ပေး​နေ​သေးတာ

🎎The Flower's Knight🎎1Where stories live. Discover now