Chapter-25

1.9K 195 18
                                    


လည်​တိုင်​နုနုမှာ ​ထောက်​ထားတဲ့ ဓားသွားကိုကြည့်​ပြီး ရင်​တစ်​ခုလုံး နာကျင်​လာရသည်

သူ မတတ်​နိုင်​သည့်​ လက်​တစ်​ကမ်းမှာမှ....

"Woojin ခင်​ဗျား...ဘာလိုချင်​တာလဲ....
Felixကို လွတ်​​ပေးလိုက်​ပါ"

"ဟား...ဟား...ငါ ဘာလိုချင်​တာလဲ ဟုတ်​လား....
ငါလိုချင်​တာ မင်းဘဝပဲ...."

သူတို့အုပ်​စုကို ​သေနတ်​နဲ့ချိန်​ရင်း ​woojinက အရူးတစ်​​ယောက်​လို ​ရေရွတ်​​နေသည်

ဘေးနားက သူ့​နောက်​လိုက်​က​တော့ felixကိုချုပ်​ထားပြီး လည်​ပင်းကို ဓားနဲ့​ထောက်​ထားတာ felix
ခမျာ မလူးသာ မလွန့်​သာနဲ့

"ရတယ်​ .... woojin... ခင်​ဗျားလိုချင်​တာ ကျွန်​​တော့်​ကိုမဟုတ်​လား ... felixကိုလွှတ်​လိုက်​ပါ"

"အဟားဟား....အဲ့​လောက်​ လွယ်​မယ်​ထင်​​နေလား
မင်း...ဘဝတစ်​ခုလုံး ရစရာမရှိ​အောင်​ စုတ်​ပြတ်​သွားဖို့ အနှစ်​နှစ်​အလလ ငါကြိုးစားခဲ့ရတာ...လွယ်​လွယ်
ပေး​သေရ​လောက်​တဲ့ထိ မလွယ်​ဘူး"

"အစ်​ကိုကြီး...လက်​က ​သေနတ်​ကို ​အောက်​ချလိုက်​ပါ
ကျွန်​​တော်​သိတဲ့ အစ်​ကိုကြီးက ဒီလိုလူမဟုတ်​ဘူး​လေ"

Minhoကပါ ​အော်​​ပြော​တော့....

"မင်းကို ဝင်​မပါဖို့ ​ပြောထားတယ်​​လေ minho
ဘယ်​အချိန်​ထိ အဲ့​ကောင်​ကို ကာကွယ်​​ပေး​နေမှာလဲ"

"Woojin....မင်းနဲ့ ငါ့ကြားမှာ ဘာရန်​​ငြိုး ရန်​စမှ မရှိဘဲနဲ့ ဘာလို့ ခုလိုလုပ်​ရတာလဲ"

"ရန်​ငြိုး....ဟုတ်​လား...သိပ်​ရှိတာ​ပေါ့...မင်းမှတ်​မိ​သေးလား changbin......
တစ်​ချိန်​က ငါတို့မိသားစုဟာ ဆာမူရိုင်းဂိုဏ်းရဲ့အဖွဲ့ဝင်​​တွေ​ဆိုတာ​လေ"

မှန်​သည်

တစ်​ချိန်​က woojinတို့မိသားစုဟာ ဆာမူရိုင်းဂိုဏ်းရဲ့ အဖွဲ့ဝင်​​တွေ....

သူသိပ်​မမှတ်​မိ​တော့​ပေမယ့်​ ထိုင်းကလုပ်​ငန်း​တွေကို ဦးစီးပြီး သူတို့မိသားစုနဲ့ မိတ်​ဖက်​​တွေဖြစ်​ခဲ့​ပေမယ့်​ ​နောက်​ပိုင်း ​လောဘ​တွေတက်​လာကာ ဂိုဏ်းက တားမြစ်​ထားတဲ့ စည်းကမ်း​တွေ ချိုး​ဖောက်​လာတဲ့အထိ ဖြစ်​​လာတာမို့ အပြီးသတ်​ထုတ်​ပယ်​ခဲ့တာ

🎎The Flower's Knight🎎1Where stories live. Discover now