world cup

2K 192 24
                                    

"yeobo... ​ဘောလုံးပွဲ​လောင်းရ​အောင်​​"

ဒါက TV​ရှေ့ထိုင်​ရင်း တစ်​ခါမှမကြည့်​တဲ့ ​ဘောလုံးပွဲကို စိတ်​ဝင်​တစား ​လောင်းချင်​ပါ​သော ကျွန်​​တော့်​ ချစ်​သည်း

အရင်​ရက်​​တွေက အပြင်​မှာ သူငယ်​ချင်း​တွေနဲ့ သွားကြည့်​တာမို့ အိမ်​မှာ သူတစ်​​ယောက်​ပဲ ကျန်​​တော့ ပျင်း​နေသည်​ထင်

ဒီ​နေ့​တော့ ကိုကိုဗိုက်​သည်​ တစ်​ချက်​လွှတ်​ အမိန့်​နဲ့ သူပါလိုက်​မယ်​ တကားကား...

ဒါ​ကြောင့်​ ကျန်​တဲ့ ​ကောင်​​တွေကိုပါ အိမ်​ကို ​ခေါ်ပြီး အကျအနကြည့်​ဖို့ပြင်​ရသည်

ဘီယာဗူး​တွေ အမြည်း​တွေနဲ့ ရှယ်​ပြင်​ထား​သော်​လည်း
Felixမှာ ​သောက်​လို့မရတာမို့ သွား​ရေတမြားမြားနဲ့ စူပုတ်​​နေရင်း လက်​ထဲက နွားနို့ကိုသာ မ​သောက်​ချင်​​သောက်​ချင်​နဲ့ ​သောက်​လို့​နေသည်

နောက်​​တော့ ဘာအတတ်​ဆန်းသည်​မသိ

ဒီအတိုင်းကြည့်​ရင်​ပျင်းစရာ​ကောင်းသည်​မို့ ​လောင်းဖို့ ဆွယ်​​လေ​တော့သည်

ပြီး​တော့​ပြောတာကကြည့်​ဦး...

"ပြင်​သစ်​နဲ့ ခရို​အေးရှား ဘယ်​အသင်းက ​ကောင်း တာလဲတဲ့"

"​ဒီအ​ခြေအ​နေထိ​ရောက်​လာပြီးမှ​တော့ နှစ်​သင်းလုံးက ​ကောင်းတာချည်းပဲ...
အားလုံးထင်​​ကြေး​ပေးကြတာတော့ ပြင်​သစ်​ဖက်​ကို မဲသာတယ်​"

ကျွန်​​တော့်​စကားကို ​ခေါင်းတညိမ့်​ညိမ့်​နဲ့ နား​ထောင်​ပြီး​တော့ ​တွေး​တွေးဆဆနဲ့ ​ပြောသည်​က....

"အဲ့ဒါဆို ကျွန်​​တော်​က ပြင်​သစ်​ယူမယ်
yeoboက ခရို​အေးရှားယူ"

"အမ်​!!!"

ဒါ.....ဘယ်​လိုကြီးလဲ....ထားပါ​တော့​လေ...

"အဲ့ဒါဆို ​ ​ပေါက်​​ကြေးက​ရော..."

ပေါက်​​ကြေးသံကြား​တော့ တစ်​ချက်​ တွက်​ချက်​​နေ​သေးသည်​ ပြီးမှ....

"ပြင်​သစ်​တစ်​ဂိုးရှူးရင်​ အကုန်​လုံး ကျွန်​​တော်​ အနိုင်​...
ခရို​အေးရှားက တစ်​ဂိုးရှူးရင်​ yeoboကတစ်​ဝက်​ယူ"

🎎The Flower's Knight🎎1Where stories live. Discover now