Chapter-11

2.2K 213 29
                                    

မှိန်​​ဖျော့​ဖျော့ညအိပ်​မီးရဲ့ အလင်း​ရောင်​​အောက်​မှာ လဲ​လျောင်း​နေရင်း jisung တစ်​​ယောက်​ အိပ်​လို့မ​ပျော်​နိုင်

နောက်​ တစ်​ရက်​ နှစ်​ရက်​ဆိုသူသည်​လည်း korea
ကို ခဏပြန်​ရဦးမယ်

အဆင်​မှ​ပြေပါ့မလား....

Felixကို တစ်​​ယောက်​တည်းထားခဲ့ရမှာ လူကြီး​တွေ နည်းတူ သူသည်​လည်း စိတ်​မချနိုင်​....

တစ်​ခုခုဆို ဟန်​မ​ဆောင်​တတ်​တဲ့အပြင်​ စိတ်​မြန်​လက်​မြန်​ကလဲ ရှိ​သေး​တော့....

နေ့ခင်းတုန်းကလည်း သူ့မှာ ရင်​တမမနဲ့ ​စောင့်​ကြည့်​​နေခဲ့ရတာ....

နေ့ခင်းတုန်းကဆိုမှ ဟိုတစ်​​ယောက်​လည်း အဆင်​​ပြေရဲ့လားမသိ....

သူနဲ့ဆုံလိုက်​တိုင်း အဲ့ဒီ တစ်​​ယောက်​ဟာ ​ဆွေးရိပ်​သမ်း​နေတဲ့ မျက်​လုံး​တွေနဲ့ တစ်​​နေရာရာ ကို အမြဲ​ငေး​နေတတ်​တာ...

တွေ့လိုက်​တိုင်း တိတ်​တိတ်​ဆိတ်​ဆိတ်​နဲ့...

ဒုတိယအကြိမ်​​မြောက်​ ဆုံတဲ့အခါ သောက်​ခဲ့ရတဲ့ ကော်​ဖီ​တစ်​ခွက်​က အမှတ်​တရပင်​...

သူ့အိမ်​မှာ ဘာမှ ထူးထူးခြားခြားမရှိ

ဂရုတစိုက်​ ချက်​ပြုတ်​​ကျွေးမယ့်​လူလည်းရှိပုံမ​ပေါ်

အစားအ​သောက်​ကိုလည်း ကြုံသလို ဖြစ်​သလို အပြင်​မှာ စား​သောက်​တဲ့ပုံပင်​...

ဧည့်​ခန်းမှာ ချိတ်​ထားတဲ့ဓာတ်​ပုံ​တွေအရ​တော့ ဟိုတစ်​ချိန်​က ဒီအိမ်​ကြီးဟာ မိသားစု​တွေစုံစုံညီညီနဲ့ ​​နွေး​ထွေးပြီး​ ပျော်​စရာ​ကောင်းမယ့်​ပုံပဲ....

မိသားစု ၅​ယောက်​ ရယ်​​မော​ပျော်​ရွှင်​​နေတဲ့ပုံက
အသက်​ဝင်​လွန်းသည်

ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ မိဘ​တွေဆုံးပါးသွားလို့များ ဒီက​လေးဟာ ခံစားချက်​​တွေမြိုသိပ်​တတ်​လာတာလား...

"အကူအညီ​တောင်းရမှာ အားနာ​ပေမယ့်​ မနက်​ဖြန်​ကိုလည်း ကျွန်​​တော့်​ကို လာကြို​ပေးလို့ရမလား...ဟို အဆင်​​ပြေမှပါ"

🎎The Flower's Knight🎎1Where stories live. Discover now