Chapter-19

1.8K 187 26
                                    


တိတ်​ကျသွားတဲ့ အသံတိုးတိုးကို ​ကျေနပ်​စွာ
နား​ထောင်​ရင်း ဖုန်းချလိုက်​သည်

တကယ်​​တော့ changbinက အခန်းထဲမှာ ဆရာဝန်​နဲ့
တွေ့​နေတာမို့  ​hyunjinက အပြင်​မှာ 
စောင့်​​နေခဲ့တာဖြစ်​သည်

တိုက်​ဆိုင်​စွာနဲ့ပဲ felixရဲ့ဖုန်းကဝင်​လာခဲ့တာ...

ကံတရားက ခုချိန်​ထိ သူ့ဖက်​မှာ ရှိ​နေခဲ့​တာပဲ...

မှတ်​ထားတဲ့ contact nameက ❤❤home❤❤ တဲ့....

ဟို​နေ့ ညက အမှတ်​တမဲ့ထွက်​သွားတဲ့ အမည်​နာမက​တော့ babeတဲ့​လေ....

မနာလိုလိုက်​တာ...

ချစ်​စရာ​ကောင်းလွန်းတဲ့ အဲ့ဒီ​ကောင်​​လေးကို changbinရဲ့ ဘဝထဲက ထွက်​သွား​စေချင်​သည်

ဒါ​ပေမယ့်​လည်း felixဟာ ကံ​ကောင်းလွန်း​နေ​သေးတာ
Accident ဖြစ်​တဲ့ထဲမှာလဲပါမသွား...

ဒါ​ပေမယ့်​လည်း အဲ့ဒီအဖြစ်​အပျက်​က ရလာတဲ့ အကျိုးဆက်​က​တော့ ဝမ်းနည်း ပူ​ဆွေး​နေတဲ့ 
ကောင်​​လေးနှစ်​​ယောက်​ဟာ အလုပ်​​တွေဖိလုပ်​ရင်း
ဝေးမှန်းမသိ ​ဝေးသွားကြတာပဲ....

တစ်​​ယောက်​နဲ့တစ်​​ယောက်​ တကယ်​​ဝေးဖို့
အကွာအ​ဝေး သတ်​မှတ်​ချက်​​တွေမလိုဘူးဆို​ပေမယ့်​ ​တွေ့ဖို့အခွင့်​အ​ရေးမရှိ​တော့ကပဲ ​ကျေနပ်​စရာ​ကောင်း လှပြီ...

တစ်​​ယောက်​ရဲ့ရင်​ထဲမှာ တစ်​​ယောက်​ရှိ​နေသ​၍
နှလုံးသား​တွေက နီးစပ်​​နေဦးမှာပင်​....

ယုံကြည်​မှု...နားလည်​မှု​တွေနဲ့ တည်​​ဆောက်​ထားတဲ့ နှလုံးသား တစ်​စုံကို သံသယ စိတ်​ကသာ ဖြတ်​​တောက်​နိုင်​မှာ....

ဟို namartဆိုတဲ့ အဖိုးကြီး ​ကျေးဇူး​ကြောင့်
တစ်​ခြားသူ​တွေထက်​ ကျွန်​​တော်​က ပိုဂရုစိုက်​ခံရတာကလဲ ကံ​ကောင်းခြင်းတစ်​ခုသာ....

တကယ်​လို့ ကျွန်​​တော်​က သူထင်​​နေသလို
khun namartရဲ့သားအရင်းမဟုတ်​ဘဲ
ဟန်​​ဆောင်​ထားတဲ့လူဆိုတာ သိရင်​​ရော ခုလို
ဂရုစိုက်​​နေဦးမှာလား....

ဘာပဲဖြစ်​ဖြစ်​ ခုလိုအနားမှာ​နေရတာကိုပဲ ​ကျေနပ်​​နေမိတာ

🎎The Flower's Knight🎎1Where stories live. Discover now