ဘာလို့များ သူနှစ်သက်ရတဲ့သူဟာ သူ့အပေါ် သစ္စာဖောက်ရတာတဲ့လဲပြီးတော့ သူ့အပေါ် အသုံးချခဲ့တာ...
ဒါကို နုံအလွန်းတဲ့သူက ယုံယုံကြည်ကြည်နဲ့ မသိတတ်ခဲ့ခြင်းတွေဟာ အကြီးအကဲတွေကိုသာမက သူ့ဂိုဏ်း ကလူတွေအပေါ်ပါ ဒုက္ခ ရောက်စေခဲ့သည်
ဒီအသိုင်းအဝိုင်းကြားမှာ ဘယ်လိုများ သူ့မျက်နှာကို ပြရပါ့မလဲ
အထူးသဖြင့် changကို ဘယ်လိုမျက်နှာချင်း
ဆိုင်ရမည်မသိတော့သူတို့က ခွင့်လွှတ်နိုင်ပေမယ့် အဆိုးဆုံးက ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်တာပဲဖြစ်မည်
Jisung ပြောတုန်းက သူ့မှာမယုံကြည်နိုင်ခြင်းတွေနဲ့
အပြစ်ပေးတဲ့အခန်းကို ခေါ်လာတဲ့အထိ ဝေဝါးနေတုန်း
နောက်မှ...သူ့နှုတ်ဖျားက ဖွင့်ဟဝန်ခံတော့မှ ရင်နာနာနဲ့ လက်ခံခဲ့ရသည်
ဒါတွေအားလုံးရဲ့ လက်သည်တရားခံကိုမေးတော့
ခုထိမဖြေသေး...ရုပ်ကလေးလှသလောက် ခေါင်းမာလွန်းလှချည်ရဲ့...
"Hyunjin...အာ!!!မဟုတ်ဘူး Wadiya...
မင်းကိုမေးမယ်... အဲ့ဒီ တစ်ဖက်က မင်းကိုခိုင်းတာ
ဘယ်သူလဲ""ငါ....မသိဘူး"
"ခွပ်!!!!"
"မင်းကို ထပ်မေးမယ်...ငါတို့ ဂိုဏ်းသားတွေကို ခုလို
ဖြစ်အောင် လုပ်ကြံတာ ဘယ်သူလဲ!!!!""ငါ...မသိဘူး....သိလဲ...ငါမပြောနိုင်ဘူး"
"ခွပ်!!!"
"အာ့!!!"
ဖူးယောင်နေတဲ့ မျက်နှာမှာ seungminလက်သီးချက်တွေကြောင့် အညိုအမဲတွေစွဲလျက်...
စွဲလမ်းခဲ့ရဖူးသော နီတွဲတွဲနှုတ်ခမ်းဖူးတို့သည် ခုတော့ သွေးစက်တွေ ချင်းချင်းနီလို့...
ယောင်ကိုင်းနေသည့် မျက်ခွံတို့ကို အားယူဖွင့်လျက် seungminကို ကြည့်နေသည်က တောင်းပန်သည်နှင့်အတူ ချထားသော ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ရာလဲ ရှိပုံမပေါ်...
YOU ARE READING
🎎The Flower's Knight🎎1
Fanfiction(Zawgyi + Unicode) Straykids fanfiction Boy x Boy Changlix Minsung Seungjin