Chapter-12

2.4K 215 58
                                    

ဒီ​နေ့​တော့ ​​အရာအားလုံးက အဆင်​​ပြေမှာ ​သေချာလို့​နေသည်

မနက်​လင်းကတည်းက felixကို နှစ်​ခါနှိုးစရာမလို

ရေချိုးပြီး​တော့လည်း အဝတ်​အစား​တွေ ကူ​ရွေး​ပေး​သေးတာ

ပြီး​တော့ ​နှစ်​​ယောက်​စလုံး ​ပေါ့​ပေါ့ပါးပါးပဲ အလုပ်​ကိုသွားကြသည်

အမြဲတမ်း အနက်​​ရောင်​ဝတ်​​​လေ့ရှိတဲ့ seo changbinတစ်​​ယောက်​ ဒီ​နေ့​တော့ felixဆင်​​ပေးထားတဲ့ shirt အကွက်​နဲ့မို့ တွေ့တဲ့လူတိုင်းက ထူးဆန်း​နေ​တော့မှာ.....

ဆပ်​ပြာစက်​ရုံ​တွေဖက်​မှာ မထင်​မှတ်​ဘဲ နည်းနည်း
ကြာသွားသည်

felixက​တော့ handmade soap​တွေ လုပ်​တဲ့ ဖက်​မှာ စိတ်​ဝင်​တစားကြည့်​လို့​.....

နေ့ခင်း​လောက်​မှာ ဆပ်​ပြာစက်​ရုံ​တွေဖက်​က ထွက်​လာပြီး မြို့ထဲမှာပဲ ​နေ့လည်​စာစားဖြစ်​သည်

ပြီး​တော့ felixအတွက်​ လိုအပ်​မယ်​ထင်​တဲ့ ပစ္စည်း​တွေ လိုက်​ဝယ်​​ပေးနဲ့.....

Felixက​တော့ တစ်​ခုဝယ်​တိုင်း သူ့အတွက်​ပါ
နှစ်​​ယောက်​ဆင်​တူ​လေး​တွေ ဝယ်​သည်

တကယ်​တမ်းမှာ ကျွန်​​တော်​ထင်​တာနဲ့တစ်​ခြားစီ
ဆိုင်​ကြီးကြီးက မုန့်​​တွေထက်​ street food ​တွေကိုပဲ
Felix တစ်​​ယောက်​ ပိုခုံမင်​တာ​....

Takoyaki (မုန့်​လင်​မယား) ဝယ်​​တော့ ပျံကျ​ဈေးသည်​​တွေရဲ့ မြန်​ဆန်​သွက်​လက်​မှုကို ကြည့်​​နေတာ မျက်​လုံးအပြူးသား...

သူ​ရယ်​ပြုံး​နေတာ​လေးကြည့်​ပြီး ကျွန်​​တော့်​မှာလဲ အလိုလို ကြည်​နူးလာရ​လေသည်

ည​နေ​လောက်​ လည်​လို့ပတ်​လို့ ဝ​တော့ ပန်းခြံထဲက အပင်​ကြီး​အောက်​မှာ အခင်း​လေးခင်းပြီး ဝယ်​လာတဲ့မုန့်​​တွေထိုင်​စားကြသည်

ကော်​ဖီပူပူ​လေးတစ်​ခွက်​နဲ့ Dango တစ်​​ယောက်
တစ်​​ချောင်းစီကိုင်​ပြီး စား​သောက်​ရတာ ငယ်​ဘဝကို
ပြန်​​ရောက်​သွားသလိုပင်​....

တကယ်​​တော့ seo changbinဆိုတဲ့ ကျွန်​​တော်​ဟာ stress​တွေပိလို့ ပိမှန်းမသိဘဲ ပိ​နေခဲ့တာ...

🎎The Flower's Knight🎎1Where stories live. Discover now