Chapter-6

2.1K 194 18
                                    

အိမ်​​တော်​တစ်​ခုလုံးမှာ မင်္ဂလာ ကိစ္စ​တွေနဲ့ ရှုပ်​ယှက်​ခတ်​​လို့နေကြ​သည်

Felixမှာ အ​မေနှစ်​​ယောက်​၏ သင်​ကြားပြသမှုများ နာခံ​နေရသလို changbinသည်​လည်း အကြီးအကဲ တစ်​ဦး၏ တာဝန်​များကို အ​ဖေနှစ်​ဦးထံမှသင်​ယူ​နေရပြီဖြစ်​သည်

ဒီရက်​အတွင်း သူတို့နှစ်​ဦး မျက်​နှာချင်းဆိုင်​​တွေ့ကြ​သော်​လည်း စကားသိပ်​မ​ပြောဖြစ်​ကြ

မင်္ဂလာ​ဆောင်​ဖို့လည်း သိပ်​စိတ်​မဝင်​စားကြတာမို့ ဝတ်​စုံ​ရွေးတာ ဖိတ်​စာ​ရွေးတာကအစ အားလုံးသည်​ အ​မေနှစ်​ဦး၏ သ​ဘောအတိုင်းသာ

သူ့ထက်​စာလျင်​ felixက အကုန်​လုံးနှင့်​ လိုက်​​လျော ညီ​ထွေဖြစ်​​အောင်​​နေသည်

ယခုလည်းအ​မေနှစ်​ဦးနှင့်​ felix မှာ ပွဲကျ​နေကြသ​လောက်​ changbinက​တော့ တစ်​​ယောက်​တည်း သူ့ကိုယ်​ပိုင်​ကမ္ဘာ​လေးထဲမှာ....

လက်​ထဲက ဖိတ်​စာကို ကိုင်​ရင်း changbinစိတ်​ထဲမှာ ​​အ​တွေး​ပေါင်းစုံကနှိပ်​စက်​လို့​နေသည်

*Minhoကို သူဘယ်​လို အင်​အားနဲ့​ပြောရပါ့မလဲ
သိသွားရင်​​ရော .... *

သူလက်​ထပ်​မယ့်​အ​ကြောင်းကို minho မသိ​သေး

ယုတ်​စွအဆုံး felix ​ရောက်​​နေတာပင်​အသိမ​ပေးခဲ့

မနက်​ဖြန်​ဆို သူလက်​ထပ်ရ​တော့မယ်

ဒီ​နေ့​တော့ ဖိတ်​စာမပို့လို့ မရ​တော့​ပေ

လက်​ထဲက ​ရွှေ​ရောင်​​ဖောင်းကြွစာလုံးတွေသည်​ သူ့အတွက်​ တ​စ္ဆေ သရဲတစ်​​ကောင်​ကို ​တွေ့မြင်​​နေရသလိုပင်

နောက်​ဆုံး ဆုံးဖြတ်​ချက်​တစ်​ခုကိုချပြီး ကားစက်​ကိုနှိုးကာ မြို့ထဲသို့ထွက်​လာခဲ့လိုက်​​တော့သည်

မကြာခင်​မှာပင်​ အထက်​တန်း​ကျောင်းတစ်​ခု​ရှေ့မှာ ကား​လေးက ရပ်​တန့်​လို့သွားသည်

"Jeongin လား ..... အစ်​ကိုပါ changbin.... minhoလား...မပါဘူး....​ပေးစရာရှိလို့..အင်း... ​ကျောင်း​ရှေ့မှာ ​စောင့်​​နေတယ်​....."

🎎The Flower's Knight🎎1Where stories live. Discover now