Destiny
Ep_20မီးဖိုချောင်မှာ ခေါက်ဆွဲပြုတ်ဖို့ အလုပ်ရှုပ်နေသည့် ရှိန်း ပုံစံက စာဖိုမှူးတစ်ယောက်လို ခန့်ညားနေသည် ။
"စားပြီးရင် ပန်းကန်တွေဒီတိုင်းထားခဲ့လိုက်တော့ ငါသွားအိပ်ပြီ "
"ဟုတ် "ရှိန်းထက်နိုင် အပေါ်ထပ်သို့တတ်လာပြီး မှီးမှိတ်ကာ ကုတင်ပေါ်မှာ ဝင်လှဲနေသည် ။
ခဏနေတော့ ညီမင်းယံ ခြေသံတိုးတိုးလေးဖြင့်ဝင်လာပြီး တံခါးကို အသာယာပိတ်ကာ ကုတင်စွန်းမှာ ဝင်အိပ်သည် ။အတော်ကြာတဲ့ အထိ ၂ ယောက်လုံး အိပ်မရကြပေ ။
"ရှိန်း အိပ်ပြီလား "
ကျွန်တော်ကတော့ ရင်တွေခုန်လွန်းလို့ ဘယ်လိုမှအိပ်မပျော်နိုင်ဖြစ်နေသည် ။
အမူးတွေပါပြေပြီး ည ၁ နာရီကျော်နေတာတောင် မျက်လုံးကပြူးကျယ်နေသည် ။
ရှိန်း ရဲ့ ကျောပေးထားတဲ့ ကျောပြင်ကို ငေးရင်း ကြည်နူးမိသည် ။"မအိပ်သေးဘူး ညီ "
ကျွန်တော် အိပ်ယာပြောင်းတာလဲ မဟုတ်ဘဲ ကိုယ့်အိမ်မှာ ကိုယ်အိပ်နေပြီး ထူးထူးဆန်းဆန်း အိပ်မပျော် ။
ပြောရင်း ညီ့ဖက်ကို လှည့်လိုက်တော့ ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့ တည့်တည့်တိုးသည် ။
တိတ်ဆိတ်လွန်းတာမို့ အချင်းချင်းအသက်ရှုသံတွေကအစ အတိုင်းသားကြားနေရသည် ။"ညီ မူးနေတာတောင် အိပ်မပျော်ဘူးလား"
"အင်း အိပ်မရလို့ "
"ကိုယ်လည်း အိပ်မပျော်မယ့်အတူတူ ကိုယ်တို့ ရုပ်ရှင်ကြည့်ကြမလား "
"ဗျာ "ရှိန်းက ကျွန်တော့်ဖက်လှည့်ပြီး စကားတွေပြောနေတာက အိပ်မက်ဆန်သည်။
ချစ်ရသူရဲ့ အနီးကပ်မျက်နှာလေးကို မြင်ရတာ ရူးလောက်သည် ။
ကျွန်တော့်ကို သူတစ်ချက်စိုက်ကြည့်လိုက်တိုင်း ကျွန်တော်တစ်ယောက်တည်း ကမ္ဘာပျက်နေသည် ။"ဟေ့ ကောင်လေး ကိုယ်ပြောတာမကြားဘူးလား "
"ဟမ်"
"ရုပ်ရှင်ကြည့်ကြမယ်လေ "
"ကြည့်မယ် "
"လာ ထ သွားစို့ "
"ဟုတ် "ည ၁ နာရီကျော်မှာ အောက်ထပ်ကို ပြန်ဆင်းကြပြီး တီဗွီကြည့်ကြသည် ။
YOU ARE READING
Destiny
RomanceCover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင်