Destiny
Ep_7ကျွန်တော် ညီ့ ကိုခေါ်လိုက်တော့ အံ့ဩသွားဟန် မျက်လုံးပြူးပြူးလေးတွေနဲ့ ပြန်ကြည့်သည် ။
"ညီ "
"ဗျာ ကျွန်တော့်ကိုခေါ်တာလား ဟုတ်ကဲ့ "
"ညီ တို့ အဖွဲ့ကို ကိုသူရခေါ်ခိုင်းလိုက်လို့ "
"ဗျာ ဟုတ်ကဲ့ "
"အင်း သွားတော့လေ "
"ဟုတ်ကဲ့ "
ဘယ့်နှယ့် မသွားသေးဘဲ ကြောင်တောင်တောင်လေး ရပ်ကြည့်နေသည် ။
ဘယ်လို ဟာလေးမှန်းကိုမသိဘူး !
"ခြည် "
"အေးပြော "
"ကြားလိုက်လား "
"မကြားဘူး "
"ငါအိပ်မက်မက်နေသလိုပဲ ခြည်ရာ "
"အရူးကောင် ! လာမြန်မြန်သွားမယ် ကိုသူရ စောင့်နေလိမ့်မယ် ခုနကလည်း ငုတ်တုတ် မေ့နေသလား ထင်ရတယ် "
" .... "
ပြန်ဖြေသံမကြားရလို့ ကြည့်လိုက်တော့ ...
ညီမင်းယံ ပြုံးပြုံးကြီးနဲ့ လိုက်လာသည် ။
ကျေနပ်ပြီး အရမ်းကို ကြည်နူးနေသည့် အပြုံးမျိုးနဲ့ အိပ်မက်ထဲ လမ်းလျှောက်နေသည့် လူလိုမျိုး ။ဒါလေးနဲ့ ဒီလောက်ထိ ပျော်သွားစရာလား မင်းယံရာ ။
"ကိုသူရ ခေါ်တယ်ဆိုလို့ "
"အင်း ညီမတို့ သီချင်းရွေးပြီးရင် နာမည်စာရင်း တစ်ခါတည်း ရေးလိုက် "
"ဟုတ်ကဲ့ "
"ဩော် ဒါနဲ့ မေဂျာ ဘောလုံးပွဲတွေ စတော့မှာနော် "
"ဟာ ပျော်စရာကြီး အားပေးရတော့မယ် "
"ပွဲချိန်အသေးစိတ်ကို အတန်းထဲမှာ လာပြောမယ် "
"ဟုတ် "
ညီမင်းယံ ကြိတ်ပြီး ဝမ်းသာသွားသည် ။
ဘောလုံးပွဲ အားပေးရမှာမို့ အပျော်လွန်နေသည်ထက် သူ လာအားပေးမလားဆိုသည့် အတွေးက ရင်တွေ ခုန်လာသည် ။ရှိန်း ကို တွေ့ရရင် ပျော်နေတာကြောင့် ဖြစ်နိုင်ရင် ကျောင်းပွဲတွေ များများရှိစေချင်သည် ။
YOU ARE READING
Destiny
RomanceCover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင်