Destiny
Ep_9ကျွန်တော် ကြည့်နေတုန်းမှာပဲ ထိုကောင်လေး ခြေမခိုင်ဘဲ လှေကားပေါ်က ပြုတ်ကျလေသည် ။ အလျှင်အမြန် လှမ်းဖမ်းလိုက်တော့ ခပ်ဝိုင်းဝိုင်း မျက်ဝန်း တစ်စုံကို အနီးကပ်တွေ့လိုက်ရသည် ။
ပါးပြင်လေးတွေရဲနေပြီး နှုတ်ခမ်းဖူးဖူးလေးက အံ့ဩနေဟန် အနည်းငယ် ဟ နေသည် ။
ပွေ့ချီထားရင်း ....
'ပိန်ပေမယ့် ကောင်လေးက အလေးချိန်သိပ်စီးတာပဲ '
ကျွန်တော်လည်းမနိုင်ရော ၂ ယောက်လုံး ပြုတ်ကျပါလေရော ...။ ဖြူဖြူဖွေးဖွေး မျက်နှာလေးက ကျွန်တော့် ရင်ဖက်ပေါ်မှာ ..။
ချာလီ ဝှိုက် ရေမွှေးနံ့လေးက သင်းနေပြီး
ကောင်လေးရဲ့ ကိုယ်သင်းရနံ့လေးနဲ့ ရောနေသည် ။ခေါင်းလျှော်ထားပုံရသည် .. ရှန်ပူ အနံ့လေးကလည်း မွှေးနေသည် ။
သူက အသာအယာမော့ အကြည့် ကျွန်တော်ကလည်း ငုံ့ကြည့်နေတာနဲ့ အကြည့်ချင်းဆုံမိသည် ။"ညီ "
"... "
"ညီ ! "
"ဟမ် အင်း အဲ ဗျာ "
"အပေါ်ကနေဖယ်ဦး "
"အာ ဆောရီး "
ညီမင်းယံ အပေါ်ကနေ အမြန်ဖယ်လိုက်တော့ ..
အကုန်လုံးရဲ့ အကြည့်တွေက ကျွန်တော်တို့ဆီမှာ ။
"ကိုရှိန်းထက်ရရဲ့လား "
"ကိုကို ရှိန်းထက် ထနိုင်ရဲ့လား "
"ရှိန်းထက်လေး အဆင်ပြေရဲ့လား "
ဘေးနားကို လေရဲ့ အဟုန်အတိုင်းရောက်လာကြသည့် ကာလာစုံ မိန်းကလေးတွေ ။
'မျက်နှာပေါ်က မိတ်ကပ်တွေကို ကြည့်ပြီး သူတို့အစား ပူလိုက်တာဗျာ ! '
ကျွန်တော်ဆို မိုးလင်းတာနဲ့ မျက်နှာသစ်ပြီး ကျောင်းတန်းလာရုံပဲ ။ ရေတောင် တစ်ခါတလေမှချိုးတာ ။
"ကိုရှိန်းထက် ရရဲ့လား "
ရှိန်းထက်နိုင်ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်က လက်ကို လှမ်းပေးနေသည် ။
ကိုယ့်ဘာသာကို ထရပ်လိုက်ရင်း ...
"ရတယ် "
YOU ARE READING
Destiny
RomanceCover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင်