Destiny
Ep_ 11"ညီ "
အူကြောင်ကြောင်လေးနဲ့ ကြည့်နေပြန်ပါပြီ။
ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေနဲ့ ..."ညီ "
"ဗျာ "
"ဒီမှာ ဘာထိုင်လုပ်နေတာလဲ "
"ဟို .. ကျွန်တော် .. ပျင်းလို့ "
"ဗိုက်မဆာဘူးလား "
"နည်းနည်းတော့ ဆာတယ် "
"ဟိုမှာ စားသောက်ဆိုင်ရှိတယ် သွားစားရအောင် လာ ကိုယ်လည်း ဗိုက်ဆာတယ် "
"ဗျာ ဟုတ်ကဲ့ .. အဲ ကျန်တဲ့သူတွေရော "
"ဆော့နေကြတယ် ပြီးရင် ဖုန်းဆက်ပြီး လာကြလိမ့်မယ်လေ မပူနဲ့ "
"ဟုတ် "
ကျွန်တော် အိပ်မက်မက်နေတာ မဟုတ် ။
ရှိန်း က ... ရှိန်း က ကျွန်တော့်ကို တစ်ခုခုသွားစားဖို့လာခေါ်တာ ။အားး အတွေးနဲ့တင် ပျော်လွန်းလို့ ကျွန်တော်ရူးမှာပဲ ။
သေချာပါတယ် ခုချိန် ကျွန်တော့်ရဲ့မျက်နှာက ကျေနပ်ကြည်နူး ပီတိတွေဖြာပြီး ပြုံးစိစိကြီး ဖြစ်နေမယ်ဆိုတာ ။
"ညီ ဘာစားမလဲ မှာလေ "
"ဟုတ် .. ကျွန်တော့်ကို ...ကြက်ဆီထမင်းနဲ့ စတော်ဘယ်ရီ ဖျော်ရည်ပေးပါ အစ်မ "
"ခေါက်ဆွဲကြော်နဲ့ ကိုလာ ပေးပါ "
စားပွဲထိုး အစ်မ ထွက်သွားတော့ ...
ကျွန်တော်ရှိန်းကို ကြည့်နေမိသည် ။ကြက်သွေးရောင် ရှပ်အင်္ကျီကို ထုံးစံအတိုင်း ကြယ်သီး ၂ လုံးဖြုတ်ထားသည် ။
Gym ကစား ထားသဖြင့် ပြည့်တင်းနေသော ကြွက်သားတို့နှင့် ရပ်အုပ်ကျယ်ကြောင့် ဝတ်ထားသည့် အင်္ကျီက အနည်းငယ် တင်းကြပ်နေသည် ။ ဘောင်းဘီဝတ်လာတာမို့ ခါတိုင်းနှင့်မတူဘဲ ပိုခန့်ညားနေလိုလို ။ရှိန်းကလည်း ကျွန်တော့်ကို စိုက်ကြည့်နေသည် ။ အကြည့်ချင်း ဆုံမိသည့် အခိုက်အတံ့က ကျွန်တော် ရူးသွားဖို့ လုံလောက်သည့် အခိုက်အတံ့ဖြစ်သည် ။
စူးရှတဲ့ မျက်ဝန်းတွေ ......
"ညီ "
"ဗျာ "
YOU ARE READING
Destiny
RomanceCover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင်