5.

13.8K 1.2K 39
                                    

Destiny
Ep_5

"ဟေ့ကောင်တွေ လွှတ်ကွာ ! "

"မင်းက ဆွဲမထားရင် ထွက်ပြေးမှာလေ "

"ဆိုင်ထဲပဲ ရောက်နေပြီကို "

"ပြီးရော ထိုင် "

တကယ်တော့ ကျွန်တော် ထွက်ပြေးတာမဟုတ်ပါ ။

သူ့ကိုမြင်ရင်ကို အလိုလို ဝေးရာကို ခြေလှမ်းပြင်နေမိတာတော့ ကျွန်တော်လည်း မတတ်နိုင် ။ ကိုယ့်ကိုယ်ကိုလည်း နားမလည် ။

"ဘာမှာမလဲ "

"စတင်းအနီ "

"ဟေ့ကောင် မင်းခုနကလဲ စတင်းအနီပဲ သောက်ထားတာမဟုတ်လား ဒီမှာ သိမ်းတောင်မသိမ်းရသေးဘူး "

"အေး"

"တခြားဟာသောက်လေ အဲ့တာတွေပဲ သောက်မနေနဲ့ ဆိုးဆေးတွေ ပါတယ်လို့ ပြောထားတယ်လေ"

"တခြားဟာမှ မကြိုက်တာ ပြီးတော့ သေမယ့်သူက အချိန်တန်ရင်သေမှာပဲ ဟိုဟာရှောင်ဒီဟာရှောင်လုပ်နေလဲ ထာဝရရှင်သန်မှာမဟုတ်ဘူး "

"လဒရယ် စကားရှည်တာ "

"စတင်းအနီတစ်လုံး"

"ပြောမလည်းနေပေါ့ မင်းပဲသေမှာ "

သန့်စင်လည်း ဆက်မပြောတော့ ။
ရှိန်း ... ကျွန်တော့်ရဲ့ရှိန်း ကတော့ black coffee သောက်နေရင်း ဖုန်းကြည့်နေသည်။

"ခြည် ငြိမ်လှချည်လား "

"ဟမ် အင်း "

"ဘာလဲ လွမ်းနေတာလား ခုပဲ တွေ့လာကြပြီးတော့ "

"တိတ်တိတ်နေစမ်း "

ခြည် က ကိုသူရ ကို ချစ်နေခဲ့တာ 1st yr ကတည်းက .....မိန်ကလေးဖြစ်နေပြန်တော့ ဖွင့်ပြောဖို့အဆင်မပြေပြန် ။

ကျွန်တော်ကျပြန်တော့လည်း ချစ်မိတာက ယောက်ျားလေးဖြစ်နေပြန်တော့ ဖွင့်ဟဝန်ခံဖို့ ပိုပြီး အဆင်မပြေ ။

ခြည် ချစ်နေတာကို ကိုသူရ ရိပ်မိရဲ့သားနဲ့...
ခြည့်ကို ဆက်ဆံပုံက တခြား သူတွေထက်ပိုသည် ။ ချစ်သူမကျ မောင်နှမ မက ဆက်ဆံရေးမျိုး ။

တစ်ခါလေတော့လည်း အစ်ကို တစ်ယောက်လို ဂရုစိုက်ပုံမျိုးနဲ့ ။

Destiny Where stories live. Discover now