Destiny
Ep_23ရှိန်းထက်နိုင် တစ်ယောက် ပိတ်ရက်မှာ မ နဲ့ တွေ့ပြီး အေးဆေး စကားပြောချင်တာမို့ ချိန်းထားခြင်းဖြစ်သည်။
32 လမ်းက Freedom ထဲကို ဝင်လာပြီး
အပေါ်ထပ်မှာ ထိုင်ဖြစ်သည် ။
ကံကောင်းချင်တော့ လူရှင်းနေသည် ။
အပေါ်ထပ်တစ်ခုလုံး ဘယ်သူမှမရှိ ။
ခေါက်ဆွဲကြော်နဲ့ အအေး မှာထားပြီး ထိုင်စောင့်နေမိသည် ။ဒီနေ့မှ မ ကလည်း သိပ်ကြာတာဘဲ ....
"မောင် ဆောရီး မ နည်းနည်းနောက်ကျသွားတယ် "
"အာ ရပါတယ် ထိုင်လေ မ "
"အင်း "မ က ထုံးစံအတိုင်း လှဆဲ ယဉ်ဆဲ ....
မရဲ့အလှသည် အေးချမ်းသည် ။
ပန်းနုရောင် ဝမ်းဆက်ဝတ်ထားတာမို့ အသားရည်နဲ့ လိုက်ဖက်စွာ မြင်ရသူတိုင်း ငေးလောက်သည် ။ နက်မှောင်နေသော မျက်ခုံးတန်းတန်းတွေက ဆွဲဆောင်မှုရှိသည်။ ပန်းရောင်ဖျော့ဖျော့ ဆိုးဆေးကို နှုတ်ခမ်းပေါ်တင်ထားသည်။"ပြောပါဦး မောင် ထူးထူးဆန်းဆန်း မကို မေးချင်တယ်ဆိုတဲ့ အကြောင်းလေး "
"ကျွန်တော် မ ကို ချစ်လားဟင် ကျွန်တော် မ ကို ချစ်တယ်မှတ်လား ...မဟုတ်ဘူး ကျွန်တော် မ ကိုဘဲ ချစ်ရမှာ ... ကျွန်တော် မ ကိုဘဲ ချစ်သင့်တာ "အလောတကြီး ပြောလိုက်တဲ့ ရှိန်းထက်နိုင် ရဲ့စကားကြောင့် သွေးရောင်ခြယ် အနည်းငယ် အံ့ဩမိသည် ။
"ဟိုးထား မောင် relax ဖြေးဖြေးပေါ့ မောင်ရာ ဘာတွေဖြစ်နေတာလဲ အေးဆေးပြော မ အချိန်ရတယ် ဟုတ်ပြီလား "
ရှိန်းထက်နိုင် သက်ပြင်းချလိုက်ပြီး အလေးနက်စဉ်းစားဟန်နဲ့ မေးသည် ။
"အချစ်ဆိုတာ ဘာလဲ မ ဘယ်လိုအခြေအနေမျိုးကို ချစ်တယ်လို့ သတ်မှတ်နိုင်တာလဲ "
"မောင့်ကို ဘယ်လိုလူမျိုးက တွေဝေစေတဲ့ မေးခွန်းတွေ ခေါင်းထဲရောက်လာအောင် လုပ်နိုင်တာလဲ "
"ကျွန်တော့်ကို ရူးအောင်ပြုစာယနိုင်တဲ့သူတစ်ယောက်ရှိတယ် မရာ "
"ဟယ် ဟုတ်လား မ ကို ပြောကြည့် မောင်သူနဲ့ ပတ်သက်ပြီး ခံစားရတာတွေကို "ဒီအတောအတွင်း ရင်ထဲမှာ မြိုသိပ်ခံစားနေရတာတွေကို မ ကို အရှည်ကြီး ပြောပြပြီး ရင်ဖွင့်ချင်မိသည် ။
YOU ARE READING
Destiny
RomanceCover by _ Colourful crafts ရှိန်းထက်နိုင် ညီမင်းယံ နေမင်းထက်သာ သန့်စင်