31. ဇာတ်သိမ်း

13K 826 50
                                    

Destiny
Ep_ 31

"မင်းယံ ဒီည ဘယ်ချိန်သွားမှာလဲ "
"ဟိုကောင်တွေ ဖုန်းဆက်တယ် မသွားဖြစ်တော့ဘူးတဲ့ "
"ဟာကွာ အမျိုးမျိုးနဲ့ "
"နောက်မှသွားတာပေါ့ကွာ "
"ကျွတ်စ် ဟိုလူကြီးနဲ့ မနေချင်လို့ပါဆို "
"ဟဟ မင်းကလည်း အစ်ကိုကသဘောကောင်းပါတယ်ကွ"
"အဲ့တာဆို မင်းအိမ်ခေါ်ထားပါလား "
"လဒ ! "

ညီမင်းယံနဲ့ ဖုန်းပြောပြီးတော့ ညစာစားဖို့ အောက်ဆင်းခဲ့သည် ။

"မင်းထက် ဟိုတစ်ယောက်စကားနားထောင်ရဲ့လား "
"နားထောင်ပါတယ် "
"အေးအေး အမြင်မတော်ရင်ဆုံးမလို့ရတယ် သိလား "
"ဟုတ်ကဲ့ "

ထမင်းစားချင်စိတ်ပျောက်အောင် ကြားနေရသော စကားတွေကို လျစ်လျူရှုရင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။

"အမေ ဘာဟင်းချက်လဲ "
"ပုဇွန်ချဉ်စပ် ငါးခေါင်းဟင်းချို ငါးကြင်းကြော် "
"ရေထဲက ဒီတစ်သက် ထွက်ဦးမှာလား အမေရာ "
"မစားချင်မစားနဲ့ပေါ့ "

ကြက်ဥ ထ ကြော်နေသော ချာတိတ်ကြောင့် နေမင်းထက်သာ ကြောင်ကြည့်နေမိသည် ။

"ချာတိတ်က ငါးမစားဘူးလား "
"ငါးရော ပုဇွန်ရောကို မစားတာ "
"အလက်ဂျစ်ရှိလို့လား "
"မကြိုက်လို့တဲ့လေ အိမ်မှာ ရေသတ္တဝါချက်တဲ့နေဆို သူ့ဘာသာ ကြက်ဥကြော်စားနေကြ "
"အော် ကြက်ဥတော့ကြော်တတ်တယ်လား"
"အမလေး မောင်မင်းကြီးသားက အချက်အပြုတ်တော့ အားကိုးရတယ် စားဖိုးမှူးဖြစ်ချင်တာဆိုဘဲ သူစားချင်တာတွေဆို သူ့ဘာသာ အိမ်မှာချက်စားတာများတယ် "
"အော် "

နေမင်းထက်သာ ပြုံးမိသည် ။ ထိုဂျစ်ကန်ကန်ချာတိတ်ရဲ့ အေပရွန်လေးနဲ့ ချက်ပြုတ်နေပုံက အနည်းငယ် ရယ်စရာကောင်းနေသည် ။

》》》》》》》》》》

"ဝှားး အိပ်လို့ကောင်းလိုက်တာ "
"ချာတိတ် နိုးပြီလား "
"အမေ့ လန့်လိုက်တာ ဦးသာရာ "
"လန့်ရင်လည်း ငါ့ကို ဖက်ထားတာ လွှတ်ဦး"
"အဟမ်း ! ဆောရီး "
"ချာတိတ် မင်းငါ့ကို မင်းဖက်လုံးထင်နေလား"
"ဟာဗျာ အိပ်နေတာကို ဘယ်လိုလုပ်သိမှာလဲ ဦးသာရာ "
"ထားပါတော့ ငါမင်းကို ပြောစရာရှိတယ် "
"ဘာလဲ "

Destiny Onde histórias criam vida. Descubra agora