16.

11.5K 1K 10
                                    

Destiny
Ep_16

"ညီမင်းယံ ထစမ်း "
"...."
"ညီမင်းယံ ! နင့်ကိုငါထလို့ပြောနေတယ်လေ
ဘယ်နှယ့် ညကလည်း အိမ်ပြန်နောက်ကျလိုက်တာ ဒီကြားထဲ အရက်တွေကသောက်လာသေး "

အမေ့ရဲ့အော်သံက ကျွန်တော့်အတွက် နှိုးစက်တစ်ခုပင်ဖြစ်သည် ။
ခေါင်းတွေကိုက် အတော်လေးမူးဝေပြီး
တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလိုပေမယ့် မတတ်နိုင်ဘူး ကျောင်းကတော့သွားရဦးမှာဘဲ ။
Roll call မပြည့်ရင် tuto မဖြေရဘူးဆိုပြီး ခြိမ်းခြောက်ခံထားရတော့ tuto တော့ အဘန်းမခံနိုင် ။ အတန်းထဲရောက်မှ ဆက်အိပ်ရတော့မည် ...။

》》》》》》》》》》》》》》》》

"ညီမင်းယံ မနက်က နင့်ရဲ့ဟိုတစ်ယောက်ကိုတွေ့ခဲ့တယ်သိလား"
"အင်း "
"ကားဂိတ်မှာ ကားစောင့်နေတာထင်တယ် ငါက ဘတ်စ်ကားပေါ်က လှမ်းတွေ့လိုက်တာ"
"အင်း"
"ဘယ်လိုဖြစ်နေတာလဲဟယ် နင့်အကောင်အကြောင်းပြောနေတယ်လေ"
"ငါသူ့ကိုမေ့တော့မယ် "
"$ပိုတွေမပြောနဲ့ ! အာ ပြီးတော့ သနပ်ခါးတွေ လိမ်းလာတယ်သိလား"
"အမ် ဘယ်သူလဲ "
"နင့်လင်ဟေ့ နင့်လင် "
"ဟမ် ရှိန်းလား တကယ်ကြီး? "
"မယုံရင်နေပေါ့ "

ရှိန်း က ဘာလို့ သနပ်ခါးတွေလိမ်းမှာလဲ ။
မဖြစ်နိုင်တာတွေ ...
့ပြန်အိပ်တာဘဲ ကောင်းပါတယ် အလကား ဂျင်းထည့်နေကြတဲ့ဟာတွေ ။

"Hey you ! ထစမ်း နင့်ရဲ့ ရှိန်း လာပြီ "
"ရှိန်း "

အတန်းရှေ့က ဖြတ်သွားတဲ့ ရှိန်း ..
ရှိန်း မှ ရှိန်း အစစ် !
သနပ်ခါး ပါးကွက်ကွက်ထားပြီး စောင်ကျိုးနည်းတွေ ချစ်ဖို့ကောင်းနေသည်။
အင်္ကျီအပြာကွက်လေးနဲ့ ထီးအဝါကြီးတစ်ချောင်းကိုင်ပြီး လွယ်အိတ်အနီရောင်လွယ်ထားသည် ။
ဆံပင်တွေက ရှုပ်ပွနေသည် ။

ဒီလောက် ချစ်ဖို့ကောင်းတဲ့ ရှိန်းက ကျွန်တော့်ရင်တွေ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ပြောရင် ဘယ်သူယုံမလဲ ?

ရှိန်းက ကျွန်တော့်ကို ကြည့်နေသည် ။
ကျွန်တော်လည်း အကြည့်မလွှဲမိ ။
ခပ်စူးစူးမျက်ဝန်းတွေနဲ့ အတန်ကြာ မျက်လုံးချင်းစုံတဲ့ အခါမှာ သူ့ကြောင့် ကွဲအက်နေခဲ့တဲ့ နှလုံးသားက အလိုက်မသိစွာ ပြန်လည်ရှင်သန်သည် ။
ရင်ခုန်ပြန်ပြီလားကွာ .....

Destiny Where stories live. Discover now