27.

11.5K 963 7
                                    

Destiny
Ep_27

"ညီ "
"...."
"ညီ ! ကိုယ်ပြောတာကြားလား ? "
"ဗျာ ရှိန်း ... ကျွန်တော် အိပ်မက်မက်နေတာလား "
"ဟားဟား ညီရာ လာမြန်မြန် အင်္ကျီဝတ် အအေးပတ်မယ် လူကကိုယ်တွေပူကျစ်နေတာကို "
"ရှိန်း ကျွန်တော့်ကို နောက်နေတာလား "
"မင်းလေးက ကိုယ့်အချစ်ကို မယုံဘူးပေါ့"
"ဟမ် အဲ့လိုမဟုတ်ဘူး ကျွန်တော် ... ကျွန်တော် တစ်သက်လုံးမမျှော်လင့်ထားခဲ့လို့ "
"ညီရာ "

၂ ယောက်လုံး အင်္ကျီဝတ်လိုက်ကြပြီး ရှိန်းက ...

"ညီ ခဏအိပ်နေလိုက်နော် ကိုယ်ညီစားဖို့ တစ်ခုခုလုပ်ပေးမယ် ပြီးရင် ဆေးသောက်ရမယ် "
"ကျွန်တော် ဒီအချိန်မှာ အိပ်ပျော်နိုင်မယ် ထင်လို့လား "
"ဒါဆို ညီကဘာလုပ်ချင်လို့လဲ "
"ရှိန်း ကို တစ်ချိန်လုံးထိုင်ကြည့်နေချင်တာ "

ကျွန်တော့်ကို မြတ်နိုးမှု အပြည့်နဲ့ စိုက်ကြည့်နေရင်း ပြောလိုက်တဲ့ ညီ့ကြောင့် ကြည်နူးရသည် ။

"မရဘူး ညီ ကိုယ်တွေပူကျစ်နေတာဘဲကို ခဏလောက်အိပ်လိုက်လိမ္မာတယ် ကိုယ့်ကိုက နောက်မှကြည့် ဟုတ်ပြီလား "
"ရှိန်း "

မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ညီ့ကြောင့် ..

"လာ ကိုယ့်ရင်ခွင်ထဲဝင်ပြီး ခဏလောက်အိပ်လိုက် "
"ဟီး ဟုတ် "
"ဒါမျိုးကျ "
"ရှိန်းကလည်း "

မိုးပြာရောင် ၂ ယောက်အိပ်ကုတင်ပေါ်တတ်လိုက်ပြီး ညီ့ကို ကျွန်တော့်ဘေး လှဲအိပ်စေသည် ။
ညီ့ ပုခုံးကနေဆွဲဖက်လိုက်တော့ အလိုက်သင့် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကိုယ်လုံးလေးကို မြတ်မြတ်နိုးနိုး ပွေ့ဖက်ထားလိုက်သည် ။

"ရှိန်း ကိုယ်ငွေ့လေးက နွေးနေတာဘဲ "
"အိပ်ပါဆို လူကိုမော့ကြည့်နေတယ် "
"လွမ်းလို့ "
"တွေ့နေရတာတောင် လွမ်းတာတော့ လွန်ပါတယ် ညီရာ "
"မြင်နေရတာတောင် ကြည့်မဝဘဲ လွမ်းနေတယ်ပြောရင် ကျွန်တော့်ကိုပိုတယ်ပြောမလား "
"စိတ်မပူနဲ့ ကောင်လေး ဟောဒီရှိန်းထက်နိုင်ဆိုတဲ့ကောင်က မင်းအပိုင်ဖြစ်သွားပြီ တစ်သက်လုံးထိုင်သာကြည့်နေ "
"ချစ်တယ် ရှိန်း "

ရင်ခွင်ထဲကနေ မော့ကြည့်ပြီး အကြည့်ချင်းဆုံကာ စကားပြောနေရသည်မှာ သိပ်ကြည်နူးဖို့ကောင်းသည် ။
ကျွန်တော့်ရဲ့ ရှိန်းရဲ့ မျက်ဝန်းတွေ ...
ခပ်စူးစူးအကြည့်တွေ ...
ခိုးကြည့်ခဲ့ရတဲ့ မျက်ဝန်းလေးတွေ ....
အကြည့်ချင်းဆုံတဲ့ ၁ စက္ကန့်လောက်က ရုန်းထွက်မရခဲ့တဲ့ မျက်ဝန်းလေးတွေ ...
တော်ပါပြီ မအိပ်ရရင်နေပါစေ အဝကို ငေးကြည့်နေဦးမှာ ။

Destiny Where stories live. Discover now