Love is love
P(2 )
မေမေအေးနဲ့ကလေး အတွက် ရည်စူးပြီး ရက်လည်မှာ ဆွမ်းကပ်သည်။မေမေအေးရဲ့ ပျက်စီးနေသော ရုပ်အလောင်းကိုသာပြန်ရခဲ့ပြီး....ကလေးကိုတော့ အစအနပင်ရှာမရ...။ပိုက်စိပ်တိုက်ရှာဖွေခဲ့သော်လည်း...မတွေ့ရသဖြင့် သေဆုံးသည်ဟု ယူဆခဲ့ကြသည်။ ဖေကျော်ကတော့...အရက်တွေသာ စွတ်သောက် မူးယစ်နေသည်။ပါးကလည်း မျက်နှာမသာယာသလို...မား..ကတော့ ငိုနေဆဲ။
အလင်း..မငိုဖြစ်တော့...ပါးနှစ်ဖက်သို့ မျက်ရည်တွေ အလိုလို စီးကျလာပေမယ့် အလင်း..မငိုပါဘူး။
"ကိုကိုယုံကြည်တယ်...ငယ်လေး...ငယ်လေး မသေသေးဘူးလို့....ပြီးတော့...ငယ်လေး ပြန်လာမယ်လို့....". ပုံထဲမှာ ပြုံးရယ်နေသော..ငယ်လေးကို ကြည့်ရင်း...တီးတိုးရေရွတ်မိသည်။
ပြုံးနေရင်...သိပ်ချစ်ဖို့ကောင်းတဲ့..ငယ်လေး...ချွဲတတ်လွန်းတဲ့..ငယ်လေး...
ပုံလေးကို..ကြည့်နေရင်း....တသိမ့်သိမ့် ရှိုက်ငို မိပြန်သည်။ကိုကို မနေတတ်ဘူး...ငယ်လေးရာ...
[♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]][♥]]] [♦]]] [♣]]] [♠]]]မင်းလွင်....တာဝန် အရ. .နယ်မြို့ဘက်မှာ ရောက်နေသည်မှာ ရက်အတန်ကြာပြီ။
ညနေဘက် အလုပ်ပြီးချိန်...မြို့အစွန်က တောအုပ် ဘက်ကို လမ်းလျှောက်ထွက်လာခဲ့သည်။ညက မိုးရွာထားသဖြင့်....အပင်တွေက စိမ်းစိုနေကာ မြေသင်းနံနည်းနည်းပင် ရနေသေးသည်။ရုတ်တရက် သူ့လက်ကို လူတစ်ယောက်လာဆွဲသဖြင့် အလန့်တကြားလှည့်ကြည့်မိတော့....စုတ်ပြတ် နေတဲ့ ကောင်လေးတစ်ယောက်....အဝတ်အစား တွေက အကောင်းအတိုင်းမရှိ ညစ်ပတ်ပေရေနေကာ...မျက်နှာတစ်ခြမ်းမှာလည်း..သွေးစတွေပေရေနေလျက်.....ဆံပင်တွေက ဖွာလန်ကြဲ နေပြီး....မျက်ရည်တွေစီးကျလျက်....
"အလင်း...အလင်းကိုခေါ်ပေးပါ...... " ခပ်တိုးတိုးပြောရင်း...မေ့မြောသွားသော ထိုကလေးအား..မင်းလွင်ပွေ့ချီလိုက်ရသည်။
ဆေးရုံမှာ တင်ထားသည်မှာ သုံးရက်မြောက်နေ့....ယခုထိ ထိုကလေး....သတိရမလာသေး။ခေါင်းမှာ ထိခိုက်ဒဏ်ရာတွေနှင့်မို့ ချုပ်ပေးထားရသည်။ သေချာသန့်ရှင်းပေးထားလိုက်တော့....ထိုကလေးက ချစ်ဖို့ကောင်းမှန်း သိလာရသည်။ ဖြူ ဖွေးနေသော အသားရေ...ပါးပြင်လေးက ဝင်းမွတ်နေကာ နှုတ်ခမ်းရဲရဲလေး.....သုံးတန်း လေးတန်း အရွယ်လေးသာ ရှိလောက်ဦးမည်။ထိုကလေး သတိမေ့နေချိန်အတွင်း လူပျောက်ကြော်ငြာတွေ...သတင်းအစန ရလိုရငြား စုံစမ်း မိသော်လည်း...ဘာမှမတွေ့ရ။