love is love-7

2.7K 230 0
                                    

Love is love
P( 7 )

ကောင်းကောင်းကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလိုက်ရုံဖြင့် ရင်ထဲက မွန်းကျပ်မှုတွေက ပြေပျောက်သွား သလိုလို.....။ ဘာကြောင့်ရယ်မသိ...ဝေခွဲရခက်စွာ...အိမ်ကိုပြန်လာခဲ့သည်။

အိမ်ထဲကိုဝင်လိုက်တော့ ဧည့်ခန်းထဲမှာ မားနဲ့ ပါး....ပြီးတော့...ဖေကျော်ရယ်....ဖေကျော့် ဘေးနားမှာ ကောင်လေး..တစ်ယောက် ထိုင်နေသည်။ သူဝင်လာတော့....ဖေကျော်က

" သားကြီး...အလင်း....ခုမှ ဆေးရုံကပြန်လာတာလား... "
ဆိုဖာတစ်ခုမှာ သူဝင်ထိုင်ရင်းာ...ပြန်ဖြေလိုက်သည်။
" မဟုတ်ဘူး....ဖေကျော်...အပြင်က ပြန်လာတာ "
မားက ဝင်ပြီး
" သား...ဟိုမှာ..သားရဲ့ဖေကျော်က. ကလေးတစ်ယောက်ကို မွေးစားဖို့ ခေါ်လာတယ် "
သူလှမ်းကြည့်မိတော့...ကောင်လေးက သူ့က်ု ဝံ့ဝံ့စားစား ပြန်ကြည့်နေသည်။ မျက်ဝန်းတွေက စူးရှနေကာ အသားရည်က ဝင်းစိုနေပြီး...ချောမောသည့် ရုပ်ရည်နှင့်။ ဖေကျော်က

"သားရဲ့ နာမည်က ဇေလင်းထက်.... သားဇေက ဖေကျော်တို့ foundation က. စာတော်လို့ ငယ်ငယ်ကတည်းက ထောက်ပံ့ထားတဲ့ ကလေး....အရင်က သူ့အဖေနဲ့ပဲနေတာ....ခု.သူ့အဖေလည်း ဆုံးသွားပြီ.. .ဖေကျော်ကလည်း..သားဇေကို မွေးစားချင်နေတာ ကြာပြီ...ခုမှ အကြောင်းတိုက်ဆိုလာလို့ ... "

ပါး က ကောင်လေးကို တစ်ချက်ကြည့်ပြီး....ပြောသည်။
" သားဇေက ရော အဆင်ပြေရဲ့လား... "

" ဟုတ်ကဲ့....သားအတွက်က မှီခိုစရာ တွယ်တာရမယ့်သူက အဖေပဲရှိခဲ့တာ...ခု...ဖေကျော်က မွေးစားမယ်ဆိုတော့....သားအတွက် ပိုအဆင်ပြေတာပေါ့.....ဖေကျော့်ကိုလည်း.. အရင်ကတည်းက...သိပြီး...ချစ်ပြီးသားပါ... "

"ဖေကျော်...မွေးစားတာသားကတော့ ဘာမှ မပြောလိုဘူး...ဖေကျော်လည်း...အထီးကျန်နေခဲ့မှာပဲ....သားနားလည်တယ်....သား လည်း ညီလေး အသစ်ရတာပေါ့ ဒါပေမယ့်....ဇေလင်းကို ငယ်လေး နေရာမှာ...အစားထိုးတာ မဖြစ်စေချင်ဘူး...."

" အစားထိုးတာ...မဟုတ်ရပါဘူး....သားကြီးရာ....ဖေကျော့်အတွက် တွယတ်ာစရာ အကြောင်းအရင်း သစ်တစ်ခု..... "ဖေကျော်က ဇေလင်း ပုခုံးကို ဆွဲဖက်ရင်း...ပြန်ပြောသည်။

Love is love ( Complete )               Where stories live. Discover now