Love is love
P( 14 )
ကျုံးဘေး...လမ်းမကြီးတစ်ခုလုံး..လူသွားလာ.ရှင်းလင်း.နေသည်။ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းမောင်းနေသည့်....ကိုကို့နောက်ကနေ. ..ခါးကိုတင်းတင်းကြပ်ကြပ် ဖက်ထား .လိုက်ရင်း..
" ကိုကို.....မပြန်ချင်သေးဘူး....resultကြည့်ပြီးမှ ပြန်ချင်တယ်..
"" ခဏလောက်တော့...အိပ်လိုက်ဦးလေ....ကလေးရ.. "
အိမ်ထဲကို ရောက်တော့.....သူ့လက်ကို လာဆွဲသည့်ကလေး...
" ဘာဖြစ်လို့လဲ.. .သွားအိပ်တော့လေကွာ.. "" ကိုကိုပါ..၊တူတူအိပ်ပေး.. "
"အမ်....ကလေး.. "
" ဘာဖြစ်လို့လဲ.. ..မရဘူးလား... "
နှုတ်ခမ်းကို ဆူကာ..ချွဲ့နွဲ့သလိုပြောလာတော့....အသည်းက ယားကျိကျိ ဖြစ်နေသလိုလို..." ကိုကို..လို့... "
" အင်း...အ င်း "တကယ်တမ်း အိပ်ရာထဲရောက်တော့...ကုတင်အစွန်းဘက်...ကပ်သွားသည့်ကလေး....
သူ...အသာရယ်လိုက်မိရင်း...လက်နဲ့လှမ်းတို့လိုက်တော့...တစ်ချက်တွန့် သွားကာ လှည့်ကြည့်လာသည်။" ဒီဘက်တိုးလေ....ကလေးရ...ပြုတ်ကျသွားလိမ့်မယ်... "
" တော်ပြီ....ရတယ် "
ကလေးကို...စနောက်ချင်လာသဖြင့်
အနားကို အသာတိုးကပ်သွားပြီး ခါးလေးကိုတင်းတင်းပွေ့ဖက်လိုက်သည်။
"ဟာ...ကိုကို.. "
" ဘာလဲ "" ဖယ် ဗျာ....အသက်ရှူ ကြပ်တယ်
"
" လာ..အဲ့တာဆို....လက်မောင်း ပေါ်လာအိပ်... "
" ဟာဗျာ.... "
" "
သူ့အား..မေးမြန်းသည့်မျက်လုံးများဖြင့်ကြည့်လာသည့်...ကိုကို့ကို...ငေးကြည့်မိရင်း..." ကျွန်တော်...ရင်တုန်လို့..... တစ်မျိုးကြီးပဲ.. .အနီးကပ်နေရတာ . "
"ဟားဟား.. ..ရင်ခုန်တာ..မလား.. "
" မသိဘူးဗျာ... "
ကလေးကို...ရင်ခွင်ခဲဆွဲသွင်းလိုက်ရင်း.....နဖူးကိုတစ်ချက်နမ်းကာ.." ခဏလေး...အိပ်လိုက်ဦး "
တကယ် ခဏဆိုမှ...ခဏပါပဲ.. နိုးလာလိုက်...ပြန်မှေးလိုက် နဲ့ ရင်ခွင်ထဲက လှုပ်လှုပ်ရွရွလုပ်နေသည့်...ကလေးကြောင့် ဘယ်လိုမှ အိပ်မပျော်နိုင်ခဲ့တာ....သူ။