Love is Love
Part3နဂိုကတည်းက တိတ်ဆိတ်သောပတ်ဝန်းကျင်ရှိသော ပတ်ဝန်းကျင်မှာရှိသည့် ကျွန်တော်တို့နှစ်အိမ်ပိုလို့တိတ်ဆိတ်ခြောက်ကပ်နေသည်မှာ နှစ်အတော်ကြာပီ
ဖေကျော်ကလဲ ဟိုဘက်အိမ်ကို တစ်လတစ်ခါတောင်မှန်မှန်ပြန်မလာ အလုပ်မှာပဲ နေသည်..ပါးပါးကတော့ အရင်ကတည်းက အိမ်မှာ ညက်ဘက်မှာရှိတတ်သည့်သူ မေမေကလဲ အိမ်မှာအလုပ်မရှိလျှင် ိမိဘမဲ့ကျောင်းမှာ ပရဟိတသွားလုပ်နေကျ ကျွန်တော်ကလဲ ကိုးတန်းနှစ်မှစ၍ ဘော်ဒါဆောင်နေသည် ဆယ်တန်းပြီးဆေးကျောင်းတက်တော့လဲ အိမ်မာမနေပဲ ကျောင်းဆောင်မှာသွားနေဖြစ်သည် အိမ်ကိုတစ်ခါတစ်ရံမှသာပြန်လာဖြစ်တော့သည်.....အလင်း အိမ်မပြန်တာကြာပြီဖြစ်၍ ပိတ်ရက်မှအိမ်ကိုခဏ ပြန်လာဖြစ်သည် အိမ်ရောက်တော့မားမားတစ်ယောက်တည်းရှိနေသည်
''မား ''
''သြော်...သား အလင်း.. မားကသားကိုမျှော်နေတာ သားပြန်မလာတာကြာလို့''
''မား..ရယ် အလုပ်သင်ဆိုပေမဲ့ ဆေးရုံကြီးမှာလူနာအရမ်းများလို့ အလုပ်ရှုတ်နေလို့ပါ''
''သား အိမ်ကိုပြန်လာနေပါလား? သား..ရယ်''အလင်းမားကိုတော့ သနားမိပါသည်
မားအဖြစ်က သားနှစ်ယောက်ဆုံးရှုံးရတဲ့ မိခင်လိုမျိုးပါပဲ အိမ်မှာအထီးကျန်ရောပေါ့...''သားနောက်တစ်ပတ် အိမ်မှာပြန်လာနေမယ်..ပါးကိုလည်းပြောပေးဦး''
''အင်းပါ သားထမင်းစားတော့မလာ? မားဟင်းနွှေးပေးမယ်လေ''
''ဟုတ်မား သားအခန်းထဲသွားလိုက်အုံးမယ်''ပြောပြီး အပေါ်ထက်ကိုတက်လာခဲ့သည်၈နှစ်လောက်ကြားခဲ့ပေမဲ့ ငယ်လေးကိုသူမမေ့နိုင်သေး အိမ်ရဲ့နေရာ အနှံမှာ ငယ်လေးရဲ့ပုံရိပ်တွေ မြင်ယောင်နေဆဲ.......
အိပ်ခန်းတံခါးကိုဖွင့်လိုက်တော့ သ့ူကုတင်ပေါ်မှာ ဝမ်းလျှားမှောက်နေသော ငယ်လေးရဲ့ပုံရိပ် ပြီးတော့ သူ့ကိုလှမ်းရယ်ပြရင်း''ကိုကို ပြန်လာပြီလားတဲ့''....
သူ့ကုတင်ပေါ်သွားထိုင်မိတော့ ပျောက်ကွယ်သွားတဲ့ ပုံရိပ်လေး......လေတစ်ချက်အဝှေ့ လွင့်လာသောပြတင်းဝမှ ခန်းဆီးစကို ငဲ့ကြည့်မိတော့ မျက်လုံးကအလိုလို စာကြည့်စားပွဲကိုပါရောက်သွားသည် ....
သူစာလုပ်နေတုန်း နောက်ကျောကနေ ကုပ်တွယ်တက်လိုက် မရလျှင်ပေါင်ပေါ်လာ မေးတင်ပြီး ''ကိုကို..သားနက် ကစားရအောင်လို့'' ချွဲ့နွဲ့ကာ လာပြောနေသောကလေး...''ကိုကိုမအားသေးဘူးကွာ နောက်မှ'' ဟုဆိုတော့် ငိုမဲ့မဲ့နက်လှည့်ထွက်သွားသော ကလေး...
အနောက်ကနေ ပွေ့ချီလိုက်တော့ ပျော်သွားသည့်ကလေး တခစ်ခစ်နက် ရယ်မောနေသည် ..