Love is love
P( 11 )
အိမ်ပြန် ရောက်တော့လည်း...အိပ်မပျော်နိုင်။ ငယ်လေးသာ သိသွားရင် ဘယ်လိုနေမလဲ....လက်ခံနိုင်ပါ့မလား....ဦးလေးတို့ကရော.....ဖေကျော်ကရော ဘယ်လိုနေမလဲ...။
အရေးအကြီးဆုံးက ငယ်လေးရဲ့ စိတ်...လက်ခံနိုင်ဖို့.....
တစ်ညလုံး ထိုင်နေခဲ့ပြီး...မနက်ရောက်တော့....ခပ်စောစောပင် ကောင်းကောင်း တို့အိမ်ဆီထွက်လာခဲ့သည်။ မနက်စာ စားနေသည့်...ဦးမင်းလွင် ဘေးနား သွားရပ်လိုက်ပြီး...
" ဦး .... "
"အမ်...မောင်သူရိန် အစောကြီးပဲကွယ်....ဘာကိစ္စရှိလို့လဲ... "
" ဦး..ကျွန်တော့်ကို အချိန်ခဏလောက် ပေးလို့ရမလား....ကျွန်တော်နဲ့ တစ်နေရာကို လိုက်ခဲ့ပေးပါ.... "
ဦးမင်းလွင် ဘာမှမပြောဘဲ....နံနက်စာ စားပြီးသည်နှင့်....သူရိန်လင်းနောက်ကို လိုက်လာခဲ့သည်။ အလင်းခေါ်သွားသည့်နေရာက.....ဖေကျော်တို့အိမ်ာ..။
အိမ်ထဲမှာ ဇေလင်းတစ်ယောက်ပဲရှိနေသည်။အဲ့ကလေးကလည်း သူ့အခန်းထဲမှာသူ စာလုပ်နေသည်။
အပေါ်ထပ် ကို ခေါ်လာခဲ့ပြီး...ငယ်လေးရဲ့အခန်းရှေ့ရောက်တော့...အလင်း နောက်ကို လှည့်လိုက်ပြီး.....တံခါးကိုဖွင့်ပေးလိုက်ကာ" ဦး...အရင် ဝင်ကြည့်လိုက်ပါ... "
အတန်ကြာတော့မှ အလင်း နောက်ကနေ လိုက်ဝင်လာခဲ့သည်။ ထိတ်လန့်နေသလို မျက်နှာဖြင့် ဦးလေးက...နံရံမှာကပ်ထားသည့်...ငယ်လေး ပုံတွေကို ကြည့်ကာ....မျက်ဝန်းတို့က ညှို့မှိုင်းလာသည်။
အလင်း အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်ရင်း ...
." ကျွန်တော် ဘာကိုပြောချင်တာလဲဆိုတာ....ဦး သိမှာပါ.... ဦး သေချာကြည့်ပြီးရင်....ဧည့်ခန်းထဲကို လာခဲ့လိုက်ပါ ကျွန်တော် စောင့်နေမယ်.....ဦးမှာလည်း ပြောစရာတွေရှိမယ်ထင်တယ်... "ပြောပြီး အလင်း ထွက်သွားသည်။
ပိတ်သွားသည့် တံခါးကို ငေးနေရင်း ဦးမင်းလွင် စိတ်လှုပ်ရှား မှုကို အနည်းငယ်ထိန်းချုပ်လိုက်သည်။ပြီးနောက် သားငယ်လေးရဲ့ ပုံတွေကို လိုက်ကြည့်မိရင်း......ဝမ်းနည်းလာုပန်သည်။