Love is love
Part8စာမေးပွဲဖြေနေစဉ်အတွင်း သူရိန်လင်းတစ်ယောက် နေ့လည်နေ့ခင်းအနားယူချိန်တွေမှာ မနားရဘဲ ဟိုကလေးဆီ အပြေးသွားသွားနေရသည်။ မသွားလို့ကလည်းမဖြစ်။ သူမလာလျှင် ဟိုကလေးက နှုတ်ခမ်းတစ်တောင်လောက်ဆူကာ ဖုန်းဆက်ပြီး ပွစိပွစိလုပ်တတ်သည်။ ပွစိပွစိလုပ်တာကို မခံနိုင်တာထက် သူကိုယ်တိုင်က သွားချင်နေသည်က ပို၍မှန်သည်။ စားမေးပွဲပြီးပြီးချင်းနေ့မှာပဲ သူ့ဖေဖေနဲ့ဘွားဘွားကို ပူဆာသည်။ ခရီးထွက်ချင်သည်.....တောင်ကြီးကိုတဲ့......။
''ဒီအချိန်ကို တောင်ကြီးသွားမှာလား....ကောင်းကောင်း''
''အင်းလေ .....ကိုကိုရ....ပူတဲ့အချိန်....အေးတဲ့ဆီသွားမှာပေါ့.....''
''အဲတာဆိုလည်း...ကမ်းခြေတခုခုသွားမယ်လေ.....''
''ဟာ.....မသွားချင်ပါဘူး....အဲ့ဒီမှာကလည်းရေပဲရှိတာ...ရာသီဥတုကတော့ ပူမှာပဲလေ...''
သူ့ဖေဖေကဝင်ပြောသည်။
''အင်းပါ...အင်းပါ ...သားသဘော...ဘယ်သွားသွားရတယ်....''''ကိုကိုရော လိုက်ခဲ့ရမှာနော်....''
''အင်း....ကိုကိုခွင့်ယူကြည့်ပါ့မယ်''
''yay......တောင်ကြီးသွားရတော့မယ်...တောင်ကြီးသွားရတော့မယ်ကွ''
ခုန်ပေါက်နေသော ကလေးပေါက်စကိုကြည့်ရင်းကြည့်ရင်း သူအသည်းယားလာသည်။မနေနိုင်စွာဘဲ လှမ်းဆွဲပြီး ရင်ခွင်ထဲထည့် ဖျစ်ညှစ်မိတော့ တဟိဟိရယ်ရင်း လူကိုမော့ကြည့်လာသည်။
''သား...ကောင်းကောင်း ပါးပါးတို့ကတော့ မလိုက်တော့ဘူးနော်.....သားတို့ပဲသွားကြ.....''
''ပါးကလည်း ဘာဖြစ်လို့လဲ....''
ရင်ခွင်ထဲမှထွက်ကာ သူ့ဖေဖေပေါင်ပေါ်သွားထိုင်သည်။''ပါးက အလုပ်ရှိသေးတယ်လေကွာ.....မရဘူးနော်''
''ပြီးရော.....ပြီးရော....အာ့ဆို...သားရယ်...ဦးငယ်ရယ်...ကိုကိုရယ်ပဲလား...''
''အင်း.....ဆရာရေ.....သားကိုကြည့်သာထိန်းပေတော့...ပြောမရရင်ဆုံးမပေး.......''
''ကလေးက လိမ္မာပါတယ်...မျောက်ရှုံးအောင်ကဲမှာကလွဲရင်.....''
''Garrrr....ကိုကိုနော်.....''