love is love-12

2.7K 218 0
                                    

Love is love

P( 12 )

"သားကြီး....တကယ်ပဲလား.....အဲ့တာ...တကယ်ပဲလား... "

" ဟုတ်ကဲ့...အမှန်ပါပဲ "

ဖေကျော်က.. ...ဘာမှပြန်မပြော ဘဲ ပြတင်းဝနားမှာ သွားရပ်ရင်း....အဝေးကို ငေးနေသည်။

ပါးကတော့.....ဘာမှဖြစ်ဟန်မပေါ်ပေမယ့်... စိတ်လှုပ်ရှား နေသည်ကတော့....အသေချာ....။မားတစ်ယောက်သာ....မျက်ရည်တွေဝဲလျကိ....

"သားကြီး......မားတို့...သားငယ်လေးဆ်ီသွားချင်တယ်....ခု...တွေ့လို့ရမလား... "

" တစ်ရက်နှစ်ရက်တော့.....စောင့်ပါဦး...မား..ရယ်...သား....ငယ်လေးနဲ့....မတွေ့ရသေးဘူး...အရင် တွေ့ကြည့်လိုက်ဦးမယ်နော်.... "

ဆေးရုံကနေ ပြန်လာလာချင်း.....အိမ်မပြန်ဘဲ.... ငယ်လေးဆီ ကို အရင်လာခဲ့သည်။ ရောက်ရောက်ချင်း....ကြားလိုက်ရသည့် အကြောင်းရာ တစ်ချို့ကြောင့်...အလင်း ရင်ထဲ ထိတ်သွားမိသည်။

ကောင်းကောင်း က. အိပ်ခန်းထဲနေသိပ်မထွက်... အစားလည်း သေချာမစားဘူး...တဲ့....။ဘာတွေဖြစ်နေတာလဲ....ငယ်...ရယ်။

အခန်းထဲဝင်သွားတော့.... ငယ်လေး..က ကုတင်ပေါ်မှာ အရုပ်လေးပိုက်ပြီး.....မလှုပ်မယှက် ထိုင်နေခဲ့သည်။

" ငယ်လေး...... "

" ငယ်လေး.... "

" မခေါ်နဲ့... "

"မခေါ်နဲ့...အဲ့လိုမျိး...."

" ဘာဖြစ်လို့လဲ...ကလေးရာ....ခု ဖြစ်ပျက်နေတာတွေကို....လက်မခံနိုင်လို့လား.......ကောင်းကောင်း က.. ..ငယ်လေး ပဲလေ.. "

"မဟုတ်ဘူး.. ... "

"ငယ်.... "

" ကိုကို .....အရမ်းဆိုးတာ ..သိလား . "
" ငယ်. "
" ကိုကို....ကျွန်တော့် ခံစားချက်တွေကို ထည့်တွက်ဖူးလား....မဟုတ်ဘူး.. ..ကျွန်တော် ဘယ်လိုခံစားနေရတယ် ဆိုတာ...ကိုကိုသိလား.. "

" ငယ်လေးကလည်း....ငယ်လေးခံစားရတာတွေကို ပြောပြမှ .ကိုကို "

" ကျွန်တော်.. .ကိုကို့ကို အရမ်းချစ်နေတာသိလား.... "

"ငယ်... "
" ဒါပေမယ့် . ကိုကိုက ကျွန်တော့်ကို မချစ်ဘူး.. . "
"ကိုကိုလည်း....ငယ်လေးကို ချစ်တာပဲ......ချစ်သူလိုရော....ညီလေးလိုရော... "
." ကိုကို ချစ်တာ.....ငယ်လေးကိုလေ.. ကောင်းကောင်းကိုမှ မဟုတ်တာ.... "

Love is love ( Complete )               Where stories live. Discover now