Love is love
P(13).
အဝေးကမြင်ကွင်း တစ်ဆုံး....စိမ်းစိုနေသော.....စပါးပင်တွေနှင့် ပြည့်လို့....တစ်ချက်တစ်ချက် လေအဝှေ့မှာ ဟိုဟိုသည်သည် ယိမ်းနွဲ့နေပြန်သည်။ရာသီကိုက ပူအိုက်သောကြောင့်.....တိုက်ခတ်လာသော လေတို့ကလည်း မအေးမြ...။ ထို့အတူ ကန်သင်းရိုး ထန်းပင်အောက်တွင် ထိုင်နေသော.....ကောင်းကောင်း ရဲ့ရင်ထဲလည်း....ပူလောင်လို့နေပေသည်။
လွမ်းတယ်...ကိုကို....အရမ်းလွမ်းတာ
ပြန်လာချင်တဲ့စိတ်ကို မနည်းထိန်းချုပ်ထားရတယ်....ကိုကိုသိရဲ့လား
ကိုကိုရော...ဘယ်လိုနေမလဲ... အဖြေကိုရှာတွေ့နေလောက်ပါပြီနော်...
ကျွန်တော့်ဖုန်းထဲမှာ ကိုကို့ပုံတွေ တစ်ပုံမှမရှိတော့ဘူး သိလား...ဖျက်ပစ်လိုက်တာလေ....
ပုံတွေမြင်ရင်.....လွမ်းတဲ့စိတ်ကိုမထိန်းနိုင်ဘဲ ...ပြန်လာမိမှာစိုးလို့..ဒါပေမယ့်.. ာကိုကိုရေ...
ဖုန်းထဲက ပုံတွေကို ဖျက်လို့ရပေမယ့်
ကျွန်တော့်နှလုံးသားထဲ...အသိဉာဏ်ထဲမှာ စွဲထင်နေတဲ့...ကိုကို့ပုံရိပ်တွေက ဖျက်လို့မှမရဘဲ....လွမ်းရတာပါပဲ ကိုကို ရာ....
"ကောင်းကောင်း....ရွာထဲပြန်ကျရအောင်လေ.... "
"အင်း....ပြန်မယ်လေ ".
တောလမ်းလေးအတိုင်း....ဖြတ်လျှောက်လာရင်း... ချုံနွယ်တို့ကို လက်ဖျားလေးဖြင့် ထိလိုက်တို့လိုက်နဲ့ ဆော့ကစား နေမိသည်။
" ကောင်းကောင်း..... "
" ဗျာ.. "
" အိမ်ပြန်ကျရအောင်....အောင်စာရင်းလည်း ထွက်တော့မယ်.. "
" ဦးငယ်..ာကပြန်ချင်ပြီလား.. "
အမှန်တိုင်းဖြေရရင်....ကိုယ်မပြန်ချင်ဘူး....ကလေးရေ....နှစ်ယောက်တစ်ကမ္ဘာလိုဖြစ်နေတဲ့ ဒီအချိန်လေးမှာပဲ နေချင်မိတယ်.....ကိုယ်မတရားမလုပ်သင့်ဘူးလေ...နော်
"အေး....ပြန်ကြရအောင်...မနက်ဖြန် "
" အင်း "
တကယ်တမ်း...သူတို့လာနေတဲ့ရွာက...မန်းမြို့နှင့် ....ဘာ်လောက်မှ မဝေးပါ.....နာရီဝက်ကျော်ကျော် ဆိုင်ကယ်နှင့်လာလျှင်ပင် ရောက်သည်။