Love is love
Extra-1
အလင်း...ပြတင်းတံခါး ဘောင်ကိုမှီရင်း....လက်ပိုက်ရပ်ကာ...မျက်ခုံးအစုံကို တွန့်ချိုးရင်း.....အငြိမ်မနေသည့် ကလေးစုတ်ကို စူပုပ်စွာလိုက်ကြည့်နေမိသည်။
နှစ်ယောက်အတူနေဖို့အတွက်...တစ်နှစ်လောက် သူတို့အချိန်ယူခဲ့ရသည်။ ကြားထဲမှာ လူကြီးတွေနှင့်အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ရသေးသည်။ ယနေ့မနက်မှပင်...သူတို့နှစ်ယောက်အတွက် ပြင်ဆင်ထားသော ခြံဝန်း ခပ်ကျဉ်းကျဉ်းနှင့် တစ်ထပ်တိုက်အိမ် အသေးစားလေး ဆီ ပြောင်းရွှေ့ခဲ့ကြသည်။ မားတို့ကိုယ်တ်ုင် လိုက်လာပြီး...ပြောင်းရွှေ့လုပ်ကိုင်ပေးကြသည်။
တစ်နေ့လုံး....တလှုပ်လှုပ်နှင့် မို့ လူက ပင်ပန်းလှပြီ။ဟိုကလေးစုတ်က ညရောက်သည်အထိ ပစ္စည်းဆွေ နေရာချလို့မပြီးသေး...။သူ့စိတ်တိုင်းကျ ဟိုရွှေ့သည်ရွှေ့နှင့်။
" ကလေး....အိပ်ရအောင်လေ...မပြီးသေးရင် မနက်မှ ဆက်လုပ်တော့"
"ကိုကို..အရင်အိပ်နှင့်....မောင်...ပြီးမှ လိုက်လာခဲ့မယ် ".
ပြောရင်း....စားပွဲပေါ်တင်ထားသည့် ပန်းအိုးကို ပြန်ပြင်နေပြန်သည်။ပန်းအိုးပြီးတော့....နံရံမှာ ချိတ်ထားသည့် ပန်းချီတစ်ချို့ကို ရွှေ့ရန်ပြင်နေပြန်သည်။
အနားနားကို လျှောက်သွားလိုက်ပြီး.....နောက်ကနေ ခါးလေးကို သိုင်းဖက်လိုက်ကာ...မေးဖျားကို သူ့ပုခုံးပေါ်တင်ရင်း.....နား နားကပ်ကာ
" မောင် နဲ့အတူ အိပ်ချင်တာလေကွာ.. ..နော်..... "
" ဟာဗျာ ကိုကို...ဖယ် "
ဒီလူကြီး အလိုက်ကန်းဆိုးမသိဘူး...။တမင်သက်သက် သူအိပ်ပျော်မှ ဝင်လာမလို့ကို...
"မဖယ်ဘူးကွာ...... "" ကိုကို က ကလေးကျနေတာပဲ "
"ကလေး အနေရခက်နေတာမလား... "
" အင်း...နည်းနည်း.."
." အစမို့လို့ပါ..... ပြီးရင် အိမ်ထောင်သည်ဘ၀ ကို နေသားကျသွားမှာပဲ "" ဟာ...ကိုကို..... "
"မဟုတ်ဘူးလား....တရားဝင်လက်မထပ်ပေမယ့်.... စာချုပ်ပေါ်က လက်မှတ်တွေထက်...ပိုအရေးကြီးတာ..ကိုယ်တို့မှာ ရှိတယ်....
ပြီးတော့...မင်းက ကိုယ့်အပိုင် " ပါးလေးကို နစ်ဝင်သွားအောင် နမ်းရင်း ပြောလိုက်သည်။