love is love-6

2.7K 239 0
                                    

Love is love
Part6

''ခင်ရာဆွေမျိုး'' ဆိုသလိုပဲ သူရိန်လင်းတစ်ယောက် ဦးမင်းလွင်တို့ မိသားစုနဲ့ ဆွေမျိုးပမာ ခင်မင်ရင်းနှီးလာခဲ့သည်။ အကြောင်းအရင်းကတော့ တစ်ခုထဲ ကောင်းကောင်းဆိုသည့် ကောင်လေးကြောင့်သာ........။ ကောင်းကောင်းကလည်း အလင်းကိုခင်တွယ်သည်။ ကောင်းခန့်နှင့်ကတော့ သိပ်မရင်းနှီး။ သူ့ကိုဆိုလျှင် ကောင်းခန့်က ခပ်တန်းတန်းပဲ ဆက်ဆံသည်။ အနေအေးလို့ပဲဖြစ်ပါလိမ့်မယ် ဟုသာ မှတ်ယူထားသည်။

ဒီနေ့တနေ့လုံး....အလင်း အလုပ်တွေပဲဖိလုပ်နေမိသည်။ အားလပ်ချိန်ရလျှင် စိတ်က ဟိုတွေးသည်တွေးနှင့်။ သတိမရလိုသော အရာတို့ကိုလည်း တွေးမိလာနိုင်သည်။ wardထဲ ဆရာဝန်ကြီးတွေ roundလှည့်လျှင် နောက်ကနေလိုက်ကြည့်။ လုပ်စရာမရှိလျှင် လူနာတွေကို BP(blood pressure) လိုက်တိုင်း chartတွေလိုက်ဖတ် အနားမနေပဲ ward ထဲ လှည့်ပတ်သွားနေသည်။ duty offပြီး အိမ်ပြန်လာတော့ မားကဘုရားခန်းထဲမှာ ပုတီးစိပ်နေသည်။ အလင်း ရေချိုးအဝတ်စားလဲပြီး ကုတင်ပေါ်ထိုင်ချလိုက်တော့ မျက်လုံးတို့က စားပွဲပေါ်တွင်ထောင်ထားသည့် ကလေးရဲ့ပုံဆီ။ ဒီနေ့က ကလေးနဲ့မေအေး သူတို့ဘဝထဲထွက်သွားသော နေ့။ မတွေးမိအောင် ဘယ်လိုပဲကြိုးစားကြိုးစား တွေးမိလာသည်။ အောင်ထပ်ကိုဆင်းလာကာ တစ်ဖက်ခြံကို ကူးသွားလိုက်တော့.....ဖေကျော် အိမ်မှာရှိမနေ။ ဖေကျော်က အမြဲလိုလို ခရီးပဲထွက်နေသည်။ အလုပ်ကိစ္စနဲ့ဆိုပေမယ် ဒီအိမ်မှာ မနေလို၊ မနေဝံ့သည်မှာ အထင်ရှား။ အိမ်ထဲရှိ မီးတွေကိုဖွင့်လိုက်ပြီး...အပေါ်ထပ် သို့ တက်လာခဲ့သည်။ ကလေးရဲ့ အခန်းတွင်းကို ဝင်လာလိုက်ပြီး မီးခလုတိတစ်ခုကို ဖွင့်လိုက်တော့ ကလေးသဘောကျခဲ့ဖူးသည့် ပြာလဲ့လဲ့ မီးရောင်လေးက အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ကလေးရာ......အခန်းတစ်ခုလုံးမှာ.....ကလေးရဲ့အငွေ့သက်တွေရှိနေဆဲ နံရံမှာရှိနေသော ကျွန်းသားတံခါးလေးကို ဆွဲဖွင့်မိတော့ ကလေးရဲ့ အဝတ်စားတွေ......။ အင်္ကျီတစ်ထည်ကို ဆွဲထုတ်ယူလိုက်ပြီး အမှတ်တမဲ့ ပင် နမ်းရှိုက်လိုက်မိသည်။ အလိုအလျောက် ပါးပြင်ပေါ်သို့ ကျဆင်းလာသော မျက်ရည်များ......။ ရှိခဲ့ဖူးသမျှ အမှတ်တရ တွေနဲ့ အရာအားလုံးကို အသိဉာဏ်ကမေ့ပစ်လိုပေမယ့် နှလုံးသားက ငြင်းဆန်နေသည်။ မှတ်ဉာဏ်ထဲက ပုံရိပ်တို့က ဖျောက်ဖျက်လို့ရနိုင်သော်လည်း နှလုံးသား တွင် စွဲထင်နေသော ပုံရိပ်တို့က ဘယ်လိုမှ ပျောက်ပျက်မသွား။ မွန်းကျပ်လွန်းနေတယ် ခံရခက်ပေမယ့် ဒီမွန်းကျပ်မှုတွေကို သူကိုယ်တိုင်က ဖက်တွယ်ထားမိတာ။ ဆိုင်ကယ်ယူပြီး အပြင်ထွက်မတော့ ဦးတည်ရာက ကောင်းကောင်းတို့အိမ် အိမ်ကိုသူရောက်လာတော့ အတွင်းထဲမဝင်ပဲ ခြံထဲက ဒန်းပေါ်တွင်သာထိုင်နေမိသည်။ ကောင်းခန့်က အိမ် ထဲကနေ အပြင်ကို ခဏထွက်ကြည့်ပြီး ပြန်ဝင်သွားသည်။ ချက်ချင်းဆိုသလို ကောင်းကောင်းက အိမ်ထဲမှ ပြေးထွက်လာသည်။ သူ့ဘေးနား ဒန်းပေါ်ဝင်ထိုင်လိုက်ပြီး ဘာမှ မပြောဘဲ သူကိုငေးကြည့်နေသည်။

အိမ်ကို ရုတ်တရက်ရောက်လာပြီး ဘာမှမပြောဘဲ ဒန်းပေါ်တွင် ငူငူငိုင်ငိုင်နှင့် ထိုင်နေသော ကိုကို.....။ဘာတွေဖြစ်လာမှန်းမသိပေမယ့်.....ကိုကို့ကိုကြည့်ရတာ အားမရ....ဝမ်းနည်းနေသလို...မွန်းကျပ် နေတာကိုလည်းခံစားမိသည်။ ခြံတွင်းနှင့်လမ်းဘေးမှမီးရောင်ကြောင့် မှောင်နေပေမဲ့ ကိုကို့မျက်နှာချောချောကို ရှင်းလင်းစွာမြင်နေရသည်။ မျက်ခုံးထူူထူ နှာတံသွယ်သွယ်နဲ့ အမြဲလိုလို တင်းတင်းစေ့ထားသော နှုတ်ခမ်း.. .........ကိုကိုဟာ တြည်ငိမ်ခန့်ညားလွန်းပါတယ်။ တခါတရံ ပြုံးရယ်လို်က်လျှင်လည်း ကြည့်လိုကောင်းနေပြန်သည်။ ကိုကို့ကို တွေ့လျှင်တစ်ချက်တစ်ချက် ရင်ဘတ်ထဲက ခုန်လာတတ်ပေမယ့်.........ဒါကို အချစ်ိလိ့ုတော့ မသတ်မှတ်လို့။ သစ်ရွက်လှုပ်လျှင်တောင် ရင်ခုန်တတ်သည့် သူတို့အရွယ်.....ပြီးတော့ ယောကျ်ားလေး အချင်းချင်း......ဘယ်လိုမှမဖြစ်နိုင်သည့်အရာ......။ ဒါပေမယ့် ကိုကို မျက်နှာမကောင်း လျှင်တော့ သူပါခံစားရသည်။

ဘာမှမပြောဘဲ ကိုကိုက ထထွက်သွားရန်ပြင်လိုက်သဖြင့် ကိုကို့အင်္ကျီစကိုလှမ်းဆွဲကာ
''ကိုကို'' ဟုခေါ်ရင်း သူပါထရပ်လိုက်သည်။ ကိုကိုက သူ့ကို ရင်ခွင်ထဲ အသာယာဆွဲသွင်းလိုက်သည်။ တလှိုက်လှိုက်မောနေသလိုလိုနဲ့ ရင်တွေကခုန်လာပြန်သည်။ ကိုကို့ခါးကို ခပ်ဖွဖွပြန်ဖက်ထားမိတော့ ကိုကို့ ခန္တကိုယ်က တစ်ချက်တစ်ချက် တုန်သွားသလိုလို....။ ကိုကိုငိုနေတာများလား............။

''ကိုကို''
ဟုထပ်ခေါ်မိတော့ သူ့ကိုရင်ခွင်ထဲမှ ဆွဲထုတ်ကာ နှုတ်ခမ်းတွန့်ရုံမျှပြုံးပြသည်။ ကိုကို့မျက်နှာကို မော့ကြည့်မိတော့ မျက်ဝန်းတွေက နူးညံနေသည်။

''ကိုယ်သွားတော့မယ် ကောင်းကောင်း စာသေချာလုပ်နော် ''
ပြောပြီး ကျောခိုင်းထွက်သွားသည်။

ကိုကို့ကျောပြင်ကို ငေးရင်း....................
ဘာတွေဖြစ်မှန်းမသိပေမယ့် ပျော်အောင်နေပါကိုကို.....ကိုကိုခံစားရရင် ကျွန်တော်ပါနာကျင်ရတာမို့လို့......

TBC

Love is love ( Complete )               Donde viven las historias. Descúbrelo ahora