Extra
မှိုင်းညို့ညို့တောင်တန်းများကြားမှ... မြွေလိမ်မြွေကောက်သဖွယ်... ရစ်ခွေနေသော... ကားလမ်းဖြူ ဖြူ ။ တစ်ခါတစ်ရံ.. . ချောက်ကမ်းပါးနားက... ကပ်ဖြတ်သွားရ.... တစ်ချက် တစ်ချက်... သစ်ပင်အုပ်အုပ်တွေကို.. တွေ့လိုက်ရ....။ ကလောမြို့နား.. အရောက်မှာတော့... ထင်းရှူးတွေကိုသာ . နေရာတိုင်းလိုလို တွေ့နေရသည်။ ထင်းရှူ းမြို့တော်ဟူသော.. အမည်နာမနှင့် ပနံသင့်လှပေသည်။
အတော်အတန်ကားမမူးတတ်သော်ငြား... ခရီးရှည်ပြီး အကွေ့အကောက် များသော လမ်းမို့... ခေါင်းကတော့သိပ်မကြည်။ ရပ်နားစခန်းတွေရောက်တော့... ဘာမှဝယ်မစားဖြစ်။
ဆေးရုံမှာ... လူနာတွေနှင့်... လုံးပမ်းနေမည့်... ကလေးကိုသာ.. မြင်ယောင်နေမိသည်။စပ်စံထွန်းဆေးရုံကြီး.... မကြာခင်အချိန်ကမှ.. ကလေးတာဝန်ကျသော နေရာ။
အစပိုင်းက.. မသွားချင်သဖြင့်.. ထိုင်ငိုနေခဲ့သော. သူသည်.. ယခုအခါမှာတော့... ရှမ်းတောင်တန်းကို ချစ်မြတ်နိုးတတ်နေပါပြီတဲ့လေ..။ ကားမူးတတ်သည်ကြောင့်ရော... ဒီမှာပျော်နေတာကြောင့်ရော ... ကလေးစုတ်သည်... မြေပြန့်ကို ပြန်ဆင်းမလာ။ မနေနိုင်သော သူကသာ.. လိုက်လာရတော့သည်။
ရောက်စကဆိုလျှင်.. ညတိုင်း ဖုန်းဆက်ပြီး... အော်ငိုနေသော ကလေးက.... အခုတော့.. ဖုန်းတောင် တစ်ပတ်မှ တစ်ခါပဲဆက်သည်။ တွေ့မှ.... ခေါင်းကို နာနာထုပစ်ဦးမယ်။
မြေပြန့်တွင်... ဆောင်းဝင်စ. နေလို့ထိုင်လို့ကောင်းသော အချိန်... တောင်ကြီးမှာတော့.. ခိုက်ခိုက်တုန်အောင် အေးနေချေပြီ။ ညနေ ၅နာရီကျော်... တောင်ကြီးကို သူရောက်သည့်အချိန်တွင်... အတော်ကို အေးနေပြီ။
ကျောပိုးအိတ်ကို လွယ်ကာ... ဆေးရုံဝန်းထဲ... ဝင်သွားလိုက်သည်။OPD ပြင်ပလူနာဌာနမှ. တာဝန်ကျဆရာမ များကို... ဆရာလမင်းမောင်နှင့်..တွေ့ချင်သည် ဟုဆိုသော အခါ... နားနေခန်းဆီညွှန်ပြ ကြသည်။
သြော်.... သူ့ရဲ့ငယ်လေးပင်...နာမည်ရှေ့ဆရာတပ် အခေါ်ခံနေရပြီပဲ။
နားနေခန်းရှေ့ရောက်တော့.. အခန်းထဲက ထွက်လာသည့် ဆရာတစ်ယောက်က