"လူနာမှာ Minor Brain Tumour ရှိနေတယ်...ပြီးတော့ အခုတလောအတွင်း Stress ပိခဲ့တဲ့ လက္ခဏာတွေလည်း တွေ့တယ်...ဒါကြောင့်မို့ မေ့လဲသွားတာပါ...အမြန်ဆုံးခွဲစိတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ...Minor Brain Tumour ကြောင့် မှတ်ဥာဏ်အနည်းနဲ့ အများတော့ ဆုံးရှုံးသွားနိုင်တယ်...အဲ့တော့ လူနာရှင်ဖက်က ဆုံးဖြတ်ပေးပါ...အရမ်းတော့ အချိန်မယူစေချင်ဘူး...လူနာအတွက်က မြန်မြန်ခွဲစိတ်နိုင်လေ ကောင်းလေပဲဆိုတော့..."
ဆရာဝန်ကြီး၏ စကားအသံက Chanyeol ခေါင်းထဲ တစ်ဝဲလည်လည်ဖြစ်နေသည်။ Baekhyun ကို စိတ်ပူသောကြောင့် သူ့မိဘတွေနှင့် တိုင်ပင်ပြီး ချက်ချင်းခွဲစိတ်ဖို့ သဘောတူလိုက်ပေမဲ့ Baekhyun နိုးလာရင် ဘာကိုမှ မမှတ်မိရင် ဘယ်လိုလုပ်မလဲဟု Chanyeol တွေးကြောက်နေမိသည်။ Chanyeol ကို မမှတ်မိလို့ ခံစားရမှာထက် ရုတ်တရက်ကြီး နိုးလာပြီး ဘာကိုမှမမှတ်မိရင် Baekhyun ခံစားမိကို တွေးပူနေခြင်းပင်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ Baekhyun ကျန်းမာရေးလောက် ဘာကိုမှအရေးမကြီးတာမို့ Chanyeol ခွဲစိတ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေရင်း ခွဲစိတ်မှုကောင်းကောင်း ပြီးသွားဖို့ကိုသာ ဆုတောင်းနေလိုက်သည်။
နာရီအချို့ကြာပြီးတဲ့နောက်မှာတော့ ခွဲစိတ်ခန်းတံခါးပွင့်သွားပြီး ဆရာဝန်ကြီးထွက်လာသည်။
"ခွဲစိတ်မှုအောင်မြင်ပါတယ်"
Chanyeol လည်ချောင်းထဲ တစ်ဆို့နေသော အလုံးကြီးကျသွားသလို အခုမှ "ဟင်း" ချနိုင်တော့သည်။
"ကျေးဇူးတင်ပါတယ် ဒေါက်တာ! တကယ် ကျေးဇူးတင်ပါတယ်"
"တစ်ရက်နှစ်ရက်ဆို လူနာသတိရလောက်ပါပြီ"
ဆရာဝန်ကြီးက Chanyeol ပုခုံးကို အားပေးသလို ပုတ်ရင်း ပြောပြီးနောက် ထွက်သွားတော့သည်။
----------
ဆေးရုံကုတင်ပေါ်မှာ ဖြူဖပ်ဖြူရော်လေး လှဲနေတဲ့ Baekhyun ကို Chanyeol အချိန်ပြည့် ဘေးမှာထိုင်ကြည့်နေမိသည်။ တော်ကြာ Chanyeol ခဏထထွက်သွားတုန်း သတိရလာမှာ စိုး၍ပင်။ Baekhyun အမေကတော့ မနေ့က ဆေးရုံတစ်ခေါက်လာပြီးတည်းက ထပ်မလာသေး။ Baekhyun ခွဲစိတ်မှုအောင်မြင်တဲ့အကြောင်း Chanyeol ဖုန်းဆက်ပြောတော့လည်း "တော်သေးတာပေါ့" တစ်ခွန်းသာပြန်ပြောပြီး ဖုန်းချသွားသည်။
YOU ARE READING
I'm In Love With You
Romanceချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။