Ep - 3

6.2K 902 44
                                    

Baekhyun သူ့ရှေ့က ကုတင်ကျယ်ကြီးကို ကြည့်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။

ဒီကုတင်ကြီးပေါ် သူ Park Chanyeol နှင့် အတူအိပ်ရမည့်အရေး စဉ်းစားရင်း စဉ်းစားရင်း နေမရ ထိုင်မရ။

အရင်နှစ်ရက်က Chanyeol တစ်ယောက် သူဆေးရုံတက်တုန်းက အလုပ်တွေပျက်ကွက်ထားတဲ့ ပုဒ်မနဲ့ ပုံနေတဲ့အလုပ်တွေလုပ်ရင်း စာကြည့်ခန်းထဲမှာပဲ ညလုံးပေါက်ပေါက်သွားတာမို့ ပြသနာမရှိခဲ့ပေမဲ့ ဒီနေ့ကျတော့ Park Chanyeol ပုံစံက စာကြည့်ခန်းထဲသွားမည့်ပုံမပေါ်။ ရေမိုးချိုးထွက်လာပြီး အင်္ကျီပွပွကြီး ပြောင်းဝတ်ကာ TV ရှေ့ထိုင်နေလေသည်။

Baekhyun ကတော့ စိတ်မအေးဖြစ်နေတာနဲ့ အခန်းထဲဝင်လာပြီး မွေ့ယာကြီးကိုသာ ရပ်ကြည့်နေမိသည်။ 

အတူတူအိပ်ဖို့ကျတော့ Baekhyun စိတ်ထဲတစ်မျိုးကြီး။ သက်တောင့်သက်သာ အိပ်နိုင်မယ်မထင်။

အဲ့လိုဆိုပြီး တူတူမအိပ်နိုင်လို့ တခြားသွားအိပ်ဟဲ့ ဆိုပြီး နှင်လွှတ်ဖို့ကလည်း သူတို့နှစ်ယောက်က လက်ထပ်ထားတဲ့အပြင် Baekhyun နေနေသည်က Chanyeol အိမ်။

ဟင်းးးး…။

Baekhyun ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ သက်ပြင်းချမိတုန်းမှာပဲ Chanyeol အခန်းထဲဝင်လာလေသည်။

"Baekhyun မအိပ်သေးဘူးလား"

"ဟမ်…အင်း…အိပ်တော့မလို့"

Baekhyun ခေါင်းကုတ်ဖင်ကုတ်လုပ်ရင်း ရေချိုးခန်းထဲဝင်လာပြီးမှ မျက်နှာသစ်၊ သွားတိုက်လုပ်ပြီးသားမှန်း သတိရသည်။ ဒါပေမဲ့ ချက်ချင်းပြန်ထွက်ရမှာလည်း မထွက်ချင်တာနဲ့ Bath Tub ထဲဝင်ပြီး ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း လှဲနေလိုက်သည်။

အမ်းး…ဒီလိုအိပ်လိုက်လို့ရရင်လည်း အကောင်းသား။

တွေးရင်း Baekhyun မျက်နှာကြက်ကို စိုက်ကြည့်နေမိသည်။

အေးလိုက်တာ။

ကြွေ Bath tub ရဲ့ အေးစက်စက်အထိအတွေ့ကို မျက်လုံးမှိတ်ကာ လက်ဖဝါးနှင့် ခံစားရင်း Baekhyun တွေးလိုက်မိသည်။

နောက်ငါးမိနစ်လောက်ကြာချိန်မှာတော့ Baekhyun တက်ကိုပဲ အိပ်ပျော်သွားတော့သည်။

I'm In Love With YouDonde viven las historias. Descúbrelo ahora