EP - 9

5.6K 796 55
                                        

"ဟင်း ငါမပြောချင်တော့ဘူး…"

'နှစ်ယောက်တည်း ခဏတွေ့ကြရအောင်' ဟု အမေက ဖုန်းဆက်ပြောသဖြင့် Baekhyun တစ်ယောက်တည်း အမေ့အိမ်ရောက်နေခြင်းဖြစ်သည်။ အိမ်ရှေ့က ဆိုဖာခုံမှာ Baekhyun နှင့် မျက်နှာချင်းဆိုင်ထိုင်ပြီး မျက်နှာကမဲ့နေသောကြောင့် Company မှာများ ဘာကိစ္စရှိလို့လဲဟု လျှောက်တွေးမိသွားသေးသည်။ တကယ်တော့လည်း တွေးသာတွေးတာ Company အကြောင်း Baekhyun သိတာလည်း တစ်စိမှရှိသည်မဟုတ်။

"ဘာဖြစ်လို့လဲ"

Baekhyun အသံက အေးဆေးနေပေမဲ့ အနည်းငယ်စိုးရိမ်သံလေးပါနေသည်။

" Park Chanyeol ပေါ့"

Chanyeol နာမည်ပါလာတော့ ရင်ထဲထိတ်ခနဲ။ Baekhyun သိသလောက်တော့ Chanyeol မှာ ဘာပြသနာမှရှိမနေ။ အခုတလောလည်း ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး အိမ်ကိုလည်း ပြန်နေကျအချိန်အတိုင်း အချိန်မှန်ပြန်လာနေကြပင်။

"Chan က ဘာဖြစ်လို့လဲ…"

"ဘာဖြစ်ရမှာလဲ…လက်ထပ်တာပဲ ဒီလောက်ကြာနေပြီ Park Chanyeol က အခုထိ နင့်နာမည်နဲ့ ဘာမှမလွှဲပေးသေးဘူး…"

အမေ့ပါးစပ်ကထွက်လာသော စကားများကို အံ့သြလွန်းသောကြောင့် Baekhyun ဘာမှပင်ပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားနှင့်သာ ငြိမ်ပြီးကြည့်နေမိတော့သည်။

"နင်ပြောကြည့်ပါလား နင်ပြောရင် ရမှာ…သူက နင့်ကိုချစ်တာပဲ…ဒါဆို နောက်ပိုင်းနင်ကွာရှင်းချင်ရင်လဲ ကွာရှင်း…နင့်သဘောပဲ"

"အဲ့တာကြောင့် ကျွန်တော်ကွာရှင်းမယ်ပြောတုန်းက မကွာခိုင်းတာလား?! ကျွန်တော့်နာမည်နဲ့ ဘာမှမလွှဲရသေးလို့လေ?! ကျွန်တော့်အိမ်ထောင်ရေးက စီးပွားရေးလား! ပိုင်ဆိုင်မှုတွေလွှဲယူပြီးမှ ကွာရှင်းပစ်ရအောင်လည်း ကျွန်တော်က ပိုင်းလုံးမှ မဟုတ်ဘဲ…ကျွန်တော့်ကို ဘယ်လိုထင်နေတာလဲ!"

"ဟဲ့ ငါက နင့်ကို အဲ့အကောင်နဲ့ ပျော်လွန်းလို့ပေးစားထားတယ်ထင်နေတာလား…ပတ်ဝန်းကျင်ကို မျက်နှာပြောင်တိုက်ပြီး ငါ့သားကို ယောက်ျားလေးတစ်ယောက်နဲ့ ပေးစားထားတာ အလကားမဟုတ်ဘူး…နင်လည်းကွာရှင်းချင်နေတာပဲ မဟုတ်လား… ကွာရှင်းမှတော့ လက်ဗလာနဲ့ကွာရှင်းရမလား…ရသလောက်ယူရမှာပေါ့…ငါတို့ယူလိုက်လို့လည်း သူက မွဲသွားမဲ့ကောင်မဟုတ်ဘူး! "

I'm In Love With YouWhere stories live. Discover now