အောက်တိုဘာတစ်လလုံးမှာ Chanyeol က အလုပ်ကိစ္စနဲ့ နိုင်ငံခြားမှာ ခဏသွားနေရသည်။ Baekhyun လည်း ပထမက လိုက်သွားမလို့လုပ်ပေမဲ့ ဆိုင်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ နေခဲ့လိုက်ရ၏။ ပြီးတော့ Baekhyun လည်း အရင်က အလုပ်တွေအားလုံး ပြန်စလုပ်ဖို့ ပြင်ဆင်နေပြီလေ။ Chanyeol မရှိတဲ့ မနက်ခင်းတွေက ပုံမှန်ထက် ခြောက်သွေ့နေတာတော့ အမှန်ပါပင်။ တစ်ခါတစ်လေ ရုံးဖွင့်ရက်တွေမှာ Baekhyun အလိုလို မနက်စောစော နိုးလာပြီး အိပ်ချင်မူးတူးနဲ့ Chanyeol အတွက် အဝတ်တွေထထုတ်ပေးမိတာမျိုး၊ ညနေစောင်းမှာ ခြံထဲဆင်းပြီး မျှော်နေတတ်တာမျိုး လုပ်နေမိတတ်သည်။ Chanyeol နဲ့ နေ့တိုင်း Vid call ပြောတယ်ဆိုပေမဲ့လည်း ဘေးနားမှာ လူကိုယ်တိုင်ရှိတာနှင့်တော့ လုံးဝကို ခြားနားလှသည်မှာ အသေအချာ။
တစ်ခါက Baekhyun တစ်ယောက် ညအိပ်ရာဝင်ခါနီး သွားတိုက်ရင်း Chanyeol ရဲ့ သွားတိုက်တံကို မြင်ပြီး လွမ်းမိသွားလို့ ငိုယိုပြီး ဖုန်းဆက်လိုက်မိတော့ Chanyeol ခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ချက်ချင်း ပြန်လာမယ်ဆိုပြီး လုပ်တော့မှ Baekhyun ကပဲ တစ်ခေါက် သူ့ပြန် ဖျောင်းဖျလိုက်ရသေး၏။
အလုပ်တွေအားလုံးပြီးလို့ ကိုရီးယားပြန်လာတော့ Baekhyun ရော Jongdae တို့ရော သွားကြိုကြသည်။ Jongdae က လိုက်ချင်လို့ လိုက်တာတော့ မဟုတ်ပါ။ နိုင်ငံခြားကနေ shipping ဖိုးသက်သာအောင် Chanyeol ကို လူကြုံမှာလိုက်တဲ့ ပစ္စည်းလိုက်ယူခြင်းပင်။ Chanyeol နဲ့ Baekhyun က တွေ့တွေ့ချင်း ပြေးဖက်ကြတော့ "မင်းတို့နှစ်ယောက် ရုပ်ရှင်ရိုက်နေတာလား ရှက်လိုက်တာ" ဆိုပြီး မျက်နှာအုပ်ပြီး ခပ်လှမ်းလှမ်းမှာ သွားရပ်နေကြလေသည်။
နိုဝင်ဘာလမှာတော့ Baekhyun တို့ တစ်အိမ်လုံးကို အတွင်းပိုင်းပြင်ဆင်မှုကို ပြန်ပြီး စိတ်တိုင်းကျ ပြင်ဆင်ဖြစ်ကြ၏။ Baekhyun က ခုတလော indoor plant လေးတွေ စိုက်ရတာ ဝါသနာပါနေပြီး Chanyeol ကတော့ ပန်းချီဆွဲတဲ့ဘက် အာရုံရောက်နေသည်။ အိမ်ထဲမှာ မလိုဘဲရှုပ်နေတဲ့ပစ္စည်းတွေ အကုန်ရှင်းထုတ်ပစ်လိုက်ပြီးနံရံဖြူဖြူတွေပေါ်မှာ Chanyeol ဆွဲထားတဲ့ ပန်းချီကားတစ်ချို့ချိတ်ပြီး အခန်းထောင့်လေးတွေမှာတော့ Baekhyun ရဲ့ အပင်အိုးလေးတွေက အစီအရီ။
VOUS LISEZ
I'm In Love With You
Roman d'amourချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။