ဒီနေ့ Baekhyun က ဆေးရုံခန်းထဲမှာ နေရတာ ငြီးငွေ့တယ်ဆိုတာနဲ့ Chanyeol တစ်ယောက် Baekhyun ကို တွဲပြီး ဆေးရုံပန်းခြံထဲလမ်းထွက်လျှောက်နေခြင်းဖြစ်သည်။ ကျန်းမာရေးက ကောင်းလာပြီမို့ ဆရာဝန်ကြီးက အခန်းပြင်ထွက် လမ်းလျှောက်တာဘာညာ ခွင့်ပြုထားလေသည်။
"Baekhyun မောရင် ပြောနော်...ခဏထိုင်နားရအောင်..."
"ရပါတယ်"
လေသန့်သန့်ရှူလိုက်ရ၍ထင်သည်။ Baekhyun မျက်နှာက ဒီနေ့တော့ကြည်လင်နေသည်။ ဆေးရုံကုတင်ပေါ်မှာပဲ လှဲပြီး အာဟာရဖြစ်မဲ့ အစားတွေချည်းစားနေရတာမို့ Baekhyun တစ်ယောက် ဝိတ်တတ်လာသည်။ လက်ညိုးနှင့်လက်မ အသုံးပြုပြီး ပါးကိုကိုင်ကြည့်လျှင်ပင် အသားတုံးလေးထွက်လာလောက်သည်။ ခါတိုင်း အစားသိပ်မစားသော Baekhyun...အခုလို ပြည့်ပြည့်လေးဖြစ်လာတော့ ဘေးကကြည့်ရင်းပင် Chanyeol စိတ်ချမ်းသာမိသည်။
"Baekhyun! Chanyeol!"
မလှမ်းမကန်းက High Note အသံကြောင့် Jongdae မှန်း Chanyeol တို့ နှစ်ယောက်လုံးသိလိုက်သည်။
"ငါဆေးရုံအခန်းရောက်သေးတယ် မရှိတာနဲ့ သူနာပြုကိုမေးကြည့်တော့ လမ်းဆင်းလျှောက်ကြတယ်ဆိုလို့ လိုက်လာတာ"
"သေမဲ့ကောင် အခုမှ လာတယ်ဟုတ်လား...ငါဆေးရုံတတ်နေတာကြာလှပြီ...မနက်ဖြန် သဘက်ခါဆိုရင်ပဲ ဆေးရုံဆင်းပြီ...လာနေသေးလား"
Jongdae ကို ရင်းရင်းနှီးနှီး လှမ်းရန်တွေ့တော့ Chanyeol နည်းနည်းမနာလိုတောင်ဖြစ်မိသည်။ လောလောဆယ် Baekhyun မှတ်ဥာဏ်ထဲမရှိတာ သူတစ်ယောက်တည်းမလား။
"မဟုတ်ပါဘူးကွာ...ငါ မင်းခွဲပြီးနောက်နေ့ပဲ Japan သွားရလို့...သိတဲ့အတိုင်း Min Seokie kie ရဲ့ တစ်ချက်လွှတ်အမိန့်"
Min Seokie kie ဟူသော အသံကြောင့် Chanyeol နှင့် Baekhyun မျက်နှာမဲ့သွားမိသည်။
Min Seok က Jongdae ၏ အထက်တန်းပထမနှစ်တည်းက ချစ်သူဖြစ်သည်။ Min Seokie kie ဆိုသည်မှာ Jongdae ခေါ်သော အမြင်ကတ်စရာ သောက်ပို Nickname ပင်။
"ငါ့နှယ့်...မေ့မဲ့မေ့ Chanyeol အစား...မင်းနဲ့ မင်းရဲ့ Min Seokie kie ခေါ်သံကြီးကို မေ့တာမဟုတ်ဘူး"
Baekhyun ကတော့ ဒီတိုင်းပြောလိုက်သည် ဆိုပေမဲ့ Chanyeol တစ်ယောက်ကတော့ Baekhyun ကို ငေးကြည့်ရင်း ကျောက်ရုပ်လို ရပ်တန့်သွားရသည်။
KAMU SEDANG MEMBACA
I'm In Love With You
Romansaချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။