EP - 10

4.3K 658 45
                                        

Chanyeol အကြောင်း မတွေးမိအောင်ဆိုပြီး အဖွားအိမ် စရောက်တဲ့နေ့တည်းက Baekhyun တစ်ယောက် အလုပ်တွေချည်းလုပ်နေခဲ့သည်။ တစ်နေကုန် အဖွားရဲ့မွေးမြူရေးခြံထဲမှာ ကူလုပ်ပြီး ညကျရင်ပင်ပန်းနေပေမဲ့လည်း ခဏလောက်ထိုင်လိုက်နဲ့ Chanyeol အကြောင်းက ခေါင်းထဲရောက်ရောက်လာသည်။

'လွမ်းတယ်' လို့ ပြောရမလား။ အင်း…Baekyun Chanyeol ကို သတိရပါသည်။

ပင်ပင်ပန်းပန်း အလုပ်တွေလုပ်နေတော့ ပိုသတိရသည်။ တခြားတော့မဟုတ်ပါ။ Chanyeol နှင့်တုန်းက Baekhyun လက်ဖျားတွေ ရေတောင်မထိရလောက်အောင် Chanyeol က အကုန်အသင့်လုပ်ထားပေးတတ်သည်။ အရင်က အဲ့လောက်ကြီး သတိမထားမိပေမဲ့ အခု အစစအရာရာ ကိုယ့်လက်ကိုယ်ခြေနှင့် လုပ်နေရတဲ့အခါကျ Chanyeol လုပ်ပေးသမျှ အသေးအဖွဲ့လေးတွေကအစ နားလည်လာသည်။ မနက်မိုးလင်း မျက်နှာသစ်ဖို့ သွားတိုက်တံပေါ် သွားတိုက်ဆေးတင်ပေးထားတာက အစ။ ညအိပ်ဝတ်စုံ အသင့်ထုတ်ပေးထားတာအဆုံး။ ဘာလုပ်လုပ် သတိရနေမိသည်။

Chanyeol ရဲ့ ဂရုစိုက်မှုတွေမှာ အသားကျနေတာမို့ အဖွားဆီရောက်ရောက်ချင်း ပထမနှစ်ရက်လောက်ကဆို အဆင်မပြေ။ လုပ်သမျှအကုန် အလွဲလွဲအချော်ချော်နှင့်ဖြစ်သည်။

"Baekhyun Hyung! အဖွားက နေ့လည်စာ လာစားတော့တဲ့"

Baekhyun နွားနို့ပုံးတွေကြား အလုပ်ရှုပ်နေတုန်း အဖွားရဲ့ လူယုံကောင်လေးလာခေါ်တာကြောင့် လုပ်လက်စတွေ ခဏရပ်ပြီး အသံလာရာဆီ လှည့်ကြည့်လိုက်သည်။

"ခဏနေကျမှပဲ စားတော့မယ်လို့"

"အဖွားက အပါခေါ်ခဲ့တဲ့ ခိုင်းလိုက်တာ…အခုပဲ 2 ကျော်နေပြီ Hyung ရဲ့"

Baekhyun ဆက်ငြင်းချင်ပေမဲ့ အဖွားပါလိုက်လာပြီး ခေါ်တော့မှာ သိနေတာကြောင့် ခေါင်းသာညိတ်လိုက်တော့သည်။

Baekhyun ရောက်သွားတော့ အဖွားက ဟင်းတွေပါအသင့်ပြင်ထားပြီး စောင့်နေသည်။ ဘေးနားမှာတော့ Baekhyun နည်းတူထမင်းစားနောက်ကျသည့် အလုပ်သမားအချို့လည်း ထမင်းစားနေကြ၏။

"ထမင်းကိုတော့ အချိန်မှန်အောင် စားမှပေါ့"

"မနက်က မနက်စာစားတာများသွားလို့ ဗိုက်မဆာသေးလို့ပါ အဖွားရဲ့"

I'm In Love With YouOù les histoires vivent. Découvrez maintenant